တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုမယ်ဆိုရင် Google နဲ့ Facebook က ပိတ်ထားခံရတဲ့အတွက် Google Assistant လိုမျိုး Features တွေ၊ Facebook Messenger တွေကို အသုံးပြုလို့မရပါဘူး။

အဲ့ဒီအတွက် အခုအချိန်မှာ Xiaomi ကနေ တရုတ်ပြည်တွင်းမှာ Google Assistant လိုမျိုး အသုံးပြုနိုင်တဲ့ Xiao Ai လို့ အမည်ပေးထားတဲ့ Virtual Assistant တစ်ခုကို တရားဝင်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

အခု Xiao Ai စနစ်ဟာ Google Assistant လိုမျိုးပဲ မိုးလေဝသအခြေအနေတွေကို မေးမြန်းတာ၊ ယာဉ်လမ်းကြောင်းနဲ့ အခြားသော ကိုယ်သိချင်တဲ့အချက်အလက်တွေကို မေးမြန်းနိုင်မှာပဲဖြစ်ပါတယ်။ Huawei ကလည်း အလားတူ AI Assistant မျိုးပြုလုပ်နေပေမယ့် အခုအချိန်မှာတော့ Xiaomi က ပိုသာသွားတယ်လို့ ပြောလို့ရပါတယ်။

အခု Xiao Ai စနစ်ဟာ Xiaomi ဖုန်းတွေနဲ့ Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Smart Speaker ၊ ဖုန်းစုတ်စက် နဲ့ အခြားသော Smart Devices တွေအကုန်လုံးနဲ့ အသုံးပြုနိုင်မှာပါ။

တစ်ခုတည်းသော အားနည်းချက်ကတော့ တရုတ်နိုင်ငံအတွက်ပဲ ရည်ရွယ်ထားသေးတာဖြစ်တဲ့အတွက် အင်္ဂလိပ်လိုတော့ နားလည်မှာမဟုတ်ပါဘူး။