Xiaomi က ၂၀၂၄ ခုနှစ်မှာ SU7  လျှပ်စစ်ကား ၁၂၀,၀၀၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပြီး လက်ရှိမှာ ၁၀၀,၀၀၀ ကျော် ရောင်းချထားပြီးပါပြီ။

Xiaomi SU7, The Smartphone Maker's First EV, Sold Out For 2024 In 24 Hours

SU7 ရဲ့ ရောင်းအားကောင်းနေပေမယ့် Xiaomi ဟာ လျှပ်စစ်ကား မော်ဒယ် အသစ်ကို ဖန်တီးနေပါတယ်။ ကုမ္ပဏီ ဥက္ကဌ Lu Weibing က လျှပ်စစ်ကား မော်ဒယ်အသစ်ကို ဖန်တီးနေပြီလို့ အတည်ပြုလိုက်ပြီး လက်ရှိမှာ SU7 ရောင်းချမှုကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

Xiaomi SU7

ပေါက်ကြားသတင်းအရ Xiaomi ရဲ့ နောက်လာမယ့် လျှပ်စစ်ကားဟာ SUV အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပါတယ်။

Xiaomi ရဲ့ ကားဌာနဟာ အရည်အသွေးမြင့် ကားတွေကို ထုတ်လုပ်နိုင်တယ်ဆိုတာ SU7 က သက်သေပြထားပါတယ်။ SU7 ဟာ လှပတဲ့ ဒီဇိုင်း၊ အဆင့်မြင့် နည်းပညာနဲ့ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များနေပါတယ်။ SU7 ရဲ့ ရောင်းအားဟာလည်း တော်တော် ကောင်းနေပါတယ်။

Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ အဓိက ကုမ္ပဏီ ၁ ခုဖြစ်အောင် ကြိုးစားနေပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားဟာ ထင်ထားတာထက် ပိုမိုအောင်မြင်နေပါတယ်။ နောက်ထုတ်မယ့် ကားဟာလည်း အလားအလာကောင်းနေပါတယ်။ လာမယ့်လတွေအတွင်း အဲဒီကားရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina