Xiaomi ကနေ ရောင်းချနေတဲ့ Earphones တွေဟာ လက်ရှိ ဈေးကွက်ထဲမှာ ဈေးနှုန်းအရ အရမ်းမကြီးတဲ့အပြင် အသံထွက်အရည်အသွေးအလွန်ကောင်းမွန်တယ်ဆိုပြီး လူသိများတဲ့ Earphones တွေပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ နောက်ထပ် ဈေးသက်သာပြီး အရည်အသွေးမြင့် Earphone အသစ်တစ်ခုကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။

Xiaomi ကနေ အခုထုတ်လုပ်လိုက်တဲ့ Earphones ကို Dual Unit Earphones လို့နာမည်ပေးထားပြီးတော့ အခုနာမည်က အဆိုပါ Earphones မှာ Audio Driver ၂ ခုတောင်ပါဝင်တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျိန်းသေတာကတော့ အခု Earphones ဟာ အခြားသော ဈေးနှုန်းတူ Earphone တွေထက် သိသိသာသာကို ကောင်းနေမှာပါ။

Xiaomi ရဲ့ အခု Earphone ဟာ Audio Quality တင်မကပဲ Design ပိုင်းအရလည်း ကောင်းမွန်တယ်လို့ ပြောလို့ရပြီးတော့ ပြောင်လက်နေတဲ့ Ceramic Body – ကြွေသားနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Xiaomi ရဲ့ အဆိုအရတော့ အခု Earphone ဟာ ဘယ်လိုနားပုံစံမဆို နားထောင်နိုင်မယ်လို့ သိရပါတယ်။

Xiaomi ရဲ့ ယခု Mi Dual Unit Earphone ဟာ Hi-Res သီချင်းတွေကို နားဆင်နိုင်တဲ့ Hi-Res အသိအမှတ်ပြုမှုလည်းရရှိထားပြီးတော့ အရည်အသွေးမြင့် Microphone လည်းပါဝင်မယ်လို့ သိရပါတယ်။ အခု Xiaomi Earphones ကိုတော့ ဈေးနှုန်းအနေနဲ့ ၁၀ ဒေါ်လာနဲ့ပဲရောင်းချသွားမယ်လို့ သိရပါတယ်။