Xiaomi ကနေ Gaming Phone အသစ်ဖြစ်တဲ့ Black Shark စမတ်ဖုန်းကို လာမယ့် ဧပြီရယ်လ ၁၃ ရက်နေ့မှာ ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Black Shark ဖုန်းအတွက် Teaser Image ကို တရားဝင်ထုတ်ပြန်လိုက်ပါပြီ။

Source : Xiaomi

Xiaomi ရဲ့ အခု Black Shark Gaming Phone က လက်ရှိ Gaming Phone တစ်ခုဖြစ်တဲ့ Razer Phone ကို ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ လက်ရှိမှာ အကောင်းဆုံးသော Processor ဖြစ်တဲ့ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB ပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Display ကိုလည်း Razer Phone လိုမျိုး 120Hz Refresh Rate Display ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Razer ပြီးရင် ဒုတိယမြောက် 120Hz Display ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမှာပါ။

Source : Xiaomi

Teaser Image အရတော့ အခု Xiaomi Black Shark Gaming Phone က ဘေးဘောင်တွေကို ကွေးညွတ်ထားမှာဖြစ်ပြီး Ceramic Black လိုမျိုး လှပတဲ့အမည်းရောင်နဲ့ ထွက်လာမယ်လို့ယူဆရပါတယ်။