Xiaomi ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာတော့မယ့် Mi Mix 2S စမတ်ဖုန်းအပြင်နောက်ထပ် စမတ်ဖုန်းတစ်ခုကိုလည်း ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ အဲ့ဒါကတော့ Xiaomi Blackshark လို့ခေါ်နိုင်တဲ့ ဂိမ်မာတွေအတွက် အဓိကထားမယ့် စမတ်ဖုန်းပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Gaming ကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ကနေ Razer Gaming Phone ကို ထုတ်ခဲ့ပြီး အဲ့ဒါက Xiaomi ကိုလည်း Gaming Phone တစ်ခုထုတ်ဖို့ တွန်းအားဖြစ်စေတဲ့ပုံပါပဲ။

Xiaomi ဟာ အခု Blackshark Gaming Phone မှာ လက်ရှိအကောင်းဆုံးသော Processor ဖြစ်တဲ့ Qualcomm Snapdragon 845 CPU ကို RAM 8GB နဲ့ တွဲဖက်ထားမှာဖြစ်ပြီးတော့ အချိန်ကြာကြာဂိမ်းဆော့ကစားနိုင်အောင်လည်း Cooling စနစ်တွေကို အကောင်းဆုံးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Blackshark ဖုန်းဟာ 18:9 Ratio Display ကို အသုံးပြုထားမှာဖြစ်သလို Resolution ကလည်း Razer Phone ထက်နိမ့်တဲ့ 2160×1080 Pixel Display ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် Razer Phone ထက်ပိုပြီး ချောမွေ့စွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Android Version အနေနဲ့ 8.0 Oreo ကို အသုံးပြုလာမှာပါ။