Xiaomi ဟာ အခုအချိန်အထိ MIUI 12 Update တွေကို စမတ်ဖုန်းတွေအတွက် ဆက်တိုက်ထုတ်ပေးနေတုန်းဖြစ်ပါတယ်။ MIUI 12 ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက မိတ်ဆက်ခဲ့တာဖြစ်သလို အခုအချိန်မှာလည်း Xiaomi ကနေ MIUI 12.5 Update ကို ထပ်မံထုတ်ပေးသွားမယ်ဆိုပြီး အတည်ပြုပေးထားပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ တချို့သော Redmi စမတ်ဖုန်းတွေအနေနဲ့ အစောပိုင်းက MIUI 12 Update ရရှိမယ်ဆိုပြီး ကြေညာထားခဲ့ပေမယ့် အခုအချိန်မှာတော့ ရရှိမှာမဟုတ်တော့ဘူးဆိုပြီး ပြောင်းလဲကြေညာခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေကတော့ Redmi Y3 ၊ Redmi 7 ၊ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

Xiaomi ရဲ့ ပြောကြားချက်အရတော့ အဆိုပါ စမတ်ဖုန်းတွေအတွက် MIUI 12 Update ကို ရရှိနိုင်ခြင်းမရှိတာက Performance ပိုင်းအပြင် Compatibility Issue တွေရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ MIUI Update အသစ်တွေမှာ Feature အသစ်တွေအများအပြားထည့်သွင်းလာတဲ့အတွက် အခုလိုမျိုး Budget Redmi ဖုန်းတွေအထိ ဆင်းပြီး Update ပြုလုပ်ပေးနိုင်ခြင်းမရှိတဲ့ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းအကုန်လုံးနီးပါးအတွက် MIUI 12 Update ကို ထုတ်ပေးထားပြီးဖြစ်သလို တချို့သောဖုန်းတွေဆိုရင် Android 11 OS Update ကိုပါ ရရှိနေပြီဖြစ်ပါတယ်။ မကြာခင် Mi 11 Series ဖုန်းတွေနဲ့အတူ MIUI 12.5 Update ထွက်ရှိလာမှာဖြစ်တဲ့အတွက် အဓိကပြောင်းလဲမှုတွေရှိလာမယ့် MIUI 13 Update ကိုတော့ လာမယ့်နှစ်လယ်ပိုင်းကြမှ မြင်တွေ့ရဖွယ်ရှိပါတယ်။

Ref – Gizmo China