Xiaomi က SU7 လျှပ်စစ်ကားကို ဒီလ အစောပိုင်းက စတင် ပို့ဆောင်ပေးနေပါပြီ။ ဘေဂျင်း၊ Yizhuang မှ Xiaomi Automobile စက်ရုံမှာ Xiaomi ရဲ့ တည်ထောင်သူနဲ့ CEO Lei  Jun က SU7 ကို Customer တွေထံ ကား အပ်နှံတဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကုမ္ပဏီက ပထမ အသုတ်မှာ နိုင်ငံတကာမှာ ကား အစီး ၅,၀၀၀ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Xiaomi Group ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing  က Xiaomi CEO ဟာ ၂၀၂၄ ခုနှစ်မှာ SU7 ကား ၁၀၀,၀၀၀ ကျော် ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ Lu Weibing က ဧပြီလ ၂၀ ရက်နေ့အထိ SU7 ကို အော်ဒါ တင်ထားတာ အစီး ၇၀,၀၀၀ ရှိတယ်လို့ ပြောပါတယ်။

Xiaomi ဟာ SU7 ကို ဘေဂျင်းနဲ့ ရှန်ဇန်မှာ အရင်ဆုံး ပို့ဆောင်ပေးနေပြီး မကြာခင်မှာ တရုတ် တစ်နိုင်ငံလုံးကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

Lei Jun က တရုတ် နိုင်ငံရဲ့ ၂၉ မြို့မှာ ကား ပို့ဆောင်ရေး စင်တာတွေကို တည်ထောင်ထားတယ်လို့ ပြောထားပါတယ်။ ၂၀၂၄ ခုနှစ်အကုန်မှာ ကား ပို့ဆောင်ရေး စင်တာတွေကို မြို့ပေါင်း ၄၀ အထိ တိုးချဲ့ တည်ထောင်မယ်လို့ ခန့်မှန်းထားပါတယ်။

SU7 , SU7 Pro နဲ့ SU7 Max ဆိုပြီး မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး ဒေါ်လာ ၂၉,၇၉၇, ၃၃,၉၃၈ နဲ့ ၂၉၉,၉၀၀ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gizmochina