Xiaomi Mi 7 စမတ်ဖုန်းဟာ Xiaomi ရဲ့ Flagship စမတ်ဖုန်း Series ဖြစ်တဲ့ Mi Series ဖုန်းတွေထဲမှာ ၇ လုံးမြောက်စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး ယခုနှစ်ဝက်မတိုင်ခင်ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ အခုအချိန်မှာတော့ Xiaomi Mi 7 ဖုန်းဟာ အကောင်းဆုံးသောနည်းပညာတစ်ခုပါဝင်လာမယ်ဆိုတာက သေချာသွားပါပြီ။

Source : Xiaomi

Xiaomi ကနေ Mi 7 စမတ်ဖုန်းကို ပုံမှန်အားဖြင့် အခုလိုမျိုး ၄ လပိုင်းဝန်းကျင်မှာ ကြေငြာပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi Mix 2S စမတ်ဖုန်းကို ကြေငြာလိုက်တဲ့အတွက် Mi 7 က အနည်းငယ်နောက်ကျသွားတာပဲဖြစ်ပါတယ်။

အခုသတင်းကို သေချာသွားစေတာကတော့ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကိုယ်တိုင်ကလည်း Weibo Account မှာ Xiaomi Mi 7 မှာ Under-Display Fingerprint Sensor ကို ထည့်သွင်းလာမယ်ဆိုတာကို အတည်ပြုလိုက်တဲ့အတွက်ဖြစ်ပါတယ်။

Source : Weibo

Xiaomi Mi 7 ဟာ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 256GB ပါဝင်မှာဖြစ်ပြီးတော့ ဈေးအနေနဲ့ ဒေါ်လာ ၄၇၅ ဝန်းကျင်ပဲ ကျသင့်မယ်လို့ သိရပါတယ်။