Xiaomi ရဲ့ Civi ဖုန်းတွေဟာ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ Selfie အသားပေး ဖုန်းတွေအဖြစ် လူကြိုက်များကြပါတယ်။ တကယ်လည်း Civi ဖုန်းတွေရဲ့ Front-facing camera တွေဟာ ဓာတ်ပုံပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ရိုက်ကူးတဲ့နေရာမှာ ကောင်းမွန်တဲ့ ရိုက်ကူးမှုအတွေ့အကြုံကို ယူဆောင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးပေါက်ကြားမှုအရ Civi 3 ဟာ လျင်မြန်တဲ့ Dimensity 8200 Chipset နဲ့အတူ 50MP ကင်မရာကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဒါဟာ ဆွဲဆောင်မှုရှိတဲ့ နောက်ဆုံးပေါ် Midrange ဖုန်းတစ်လုံးလည်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ Civi 3 နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုတော့ နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station က ဖော်ပြလာပါတယ်။

Xiaomi Civi 3 သာ Full HD+ resolution နဲ့ 120Hz refresh rate မျက်နှာပြင်ကို ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ Xiaomi ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Civi, Redmi နဲ့ Mi devices အများအပြားမှာ အသုံးပြုထားတဲ့ 6.55-inch AMOLED ဟောင်းကိုပဲ ဆက်ပြီး အသုံးပြုထားမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဒီရွေးချယ်မှုက ဆိုးရွားတဲ့ ရွေးချယ်မှုလို့တော့ မဆိုနိုင်ပါဘူး။

လက်ရှိ Civi2 မှာ Sony IMX766 နဲ့ 50MP sensor ကို အသုံးပြုထားပေမဲ့ ဗားရှင်းအသစ်မှာတော့ Xiaomi 13 နဲ့ Redmi K60 Pro တို့မှာလည်း မြင်တွေ့ရတဲ့ Sony IMX800 ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Selfie ကင်မရာ နှစ်လုံးကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ကင်မရာတွေရဲ့ စွမ်းရည်တွေကတော့ သူ့ရှေ့ကမျိုးဆက်နဲ့ အတူတူပဲလို့ ယူဆရပါတယ်။

Xiaomi ဟာ Civi 3 ကို လာမဲ့ ဧပြီလထဲမှာ မိတ်ဆက်မှာဖြစ်ပေမဲ့ တရုတ်ပြည်ပဈေးကွက်မှာတော့ တွေ့မြင်ရဖွယ်မရှိပါဘူး။ အကယ်၍ တရုတ်မဟုတ်တဲ့ ပြင်ပဈေးကွက်ကို ထုတ်ရင်လည်း Civi မဟုတ်ဘဲ တခြားအမည်နဲ့ပဲ ထုတ်မှာဖြစ်ပါတယ်။

Ref: GSM Arena