Xiaomi က Snapdragon 8s Gen 3 Chipset ပါတဲ့ ပထမဆုံး ဖုန်းနဲ့ Leica ကင်မရာတွေ ပါတဲ့ Civi 4 Pro ကို ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းမှာ အရင်မျိုးဆက်ထက် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ ပါလာပြီး တရုတ်မှာ လူကြိုက်များနေပါတယ်။

Xiaomi Civi 4 Pro smashes first sale records

Xiaomi က Flash Sale ပထမ ၁၀ မိနစ်မှာတင် Civi 3 ထက် ရောင်းအား ၂၀၀ ရာခိုင်နှုန်း ပိုများတယ်လို့ ပြောပါတယ်။

Xiaomi Civi 4 Pro smashes predecessor's sales record on debut - GSMArena.com news

Civi 4 Pro မှာ 6.55” AMOLED မျက်နှာပြင် ပါလာပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ အရှေ့ဘက်မှာ 32MP ကင်မရာ ၂ လုံးကို ဆေးတောင့်ပုံ Cutout မှာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP Main , 50MP Portrait (2x Optical Zoom) နဲ့ 12MP Ultra-wide ကင်မရာ ၃ လုံး ပါပါတယ်။

Civi 4 Pro အတွက် Memory Configuration ၃ မျိုး ထုတ်လုပ်ထားပြီး အရောင် ၇ ရောင် ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ် (၄၁၅ ဒေါ်လာ) သတ်မှတ်ထားပြီး တရုတ် ပြင်ပမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena