[Zawgyi]

Xiaomi က စက္တင္ဘာလ ၂၄ ရက္မွာ ပြဲ ၁ ပြဲ က်င္းပၿပီး 5G Phone ေတြ ျဖစ္တဲ့ Mi 9 Pro နဲ႔ Mi Mix 4 တို႔ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္း ၂ လံုးနဲ႔အတူ MIUI 11 နဲ႔ Mi TV အသစ္တို႔ကိုပါ ျပသမွာ ျဖစ္ပါတယ္။

Mi 9 Pro ဟာ Mi 9 ကို ဆန္းသစ္ထားတာ ျဖစ္ႏုိင္ေပမယ့္ တူညီတဲ့ ၆.၃၉ လက္မ Super AMOLED Display ပါလာႏိုင္ပါတယ္။ ဒီဇိုင္းကလည္း တူညီမွာ ျဖစ္ပါတယ္။ Mi 9 Pro မွာ Snapdragon 855+ Chipset နဲ႔ အရြယ္ႀကီး 4,000mAh Battery ပါလာႏုိင္ပါတယ္။ 30W Mi Charge Turbo Wireless Charging ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Mi Mix 4 မွာ Snapdragon 855+ Chipset နဲ႔ Curved QHD Display ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အေနာက္ဘက္မွာ 108MP Samsung ISOCELL Bright HMX Main Sensor  အျပင္  Telephoto နဲ႔ Wide-angle Lenses ေတြ ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ Vivo NEX 3 မွာလို Waterfall Screen ပါမယ္လို႔ သတင္းထြက္လာပါတယ္။ Screen ဟာ 90Hz Refresh Rate ရွိမယ္လို႔လည္း သိရပါတယ္။ တခ်ိဳ႕ သတင္းေတြအရ အဲဒီ စမတ္ဖုန္းကို Mi Mix Alpha လို႔ နာမည္ေပးမယ္လို႔ သိရပါတယ္။

Xiaomi က မိတ္ဆက္ပြဲ မတိုင္ခင္မွာ Mi 9 Pro နဲ႔ Mi Mix Phone အသစ္ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီထက္ပိုၿပီး မွ်ေ၀မယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က Mi 9 Pro နဲ့ Mi Mix 4 ကို ဒီလ ၂၄ ရက်မှာ ကြေညာမယ်လို့ အတည်ပြု

Xiaomi က စက်တင်ဘာလ ၂၄ ရက်မှာ ပွဲ ၁ ပွဲ ကျင်းပပြီး 5G Phone တွေ ဖြစ်တဲ့ Mi 9 Pro နဲ့ Mi Mix 4 တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးနဲ့အတူ MIUI 11 နဲ့ Mi TV အသစ်တို့ကိုပါ ပြသမှာ ဖြစ်ပါတယ်။

Mi 9 Pro ဟာ Mi 9 ကို ဆန်းသစ်ထားတာ ဖြစ်နိုင်ပေမယ့် တူညီတဲ့ ၆.၃၉ လက်မ Super AMOLED Display ပါလာနိုင်ပါတယ်။ ဒီဇိုင်းကလည်း တူညီမှာ ဖြစ်ပါတယ်။ Mi 9 Pro မှာ Snapdragon 855+ Chipset နဲ့ အရွယ်ကြီး 4,000mAh Battery ပါလာနိုင်ပါတယ်။ 30W Mi Charge Turbo Wireless Charging ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Mi Mix 4 မှာ Snapdragon 855+ Chipset နဲ့ Curved QHD Display ပါမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 108MP Samsung ISOCELL Bright HMX Main Sensor အပြင် Telephoto နဲ့ Wide-angle Lenses တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ Vivo NEX 3 မှာလို Waterfall Screen ပါမယ်လို့ သတင်းထွက်လာပါတယ်။ Screen ဟာ 90Hz Refresh Rate ရှိမယ်လို့လည်း သိရပါတယ်။ တချို့ သတင်းတွေအရ အဲဒီ စမတ်ဖုန်းကို Mi Mix Alpha လို့ နာမည်ပေးမယ်လို့ သိရပါတယ်။

Xiaomi က မိတ်ဆက်ပွဲ မတိုင်ခင်မှာ Mi 9 Pro နဲ့ Mi Mix Phone အသစ်ရဲ့ သတင်းအချက်အလက်တွေကို ဒီထက်ပိုပြီး မျှဝေမယ်လို့ ထင်ပါတယ်။

Ref : gsmarena