Xiaomi ကထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ အများအားဖြင့် Xiaomi ရဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ MIUI OS ကိုပဲ အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Android One OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi A1 စမတ်ဖုန်းက အိန္ဒိယနိုင်ငံအပါအဝင် ပြည်ပဈေးကွက်မှာပါ လူကြိုက်များခဲ့တဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။

Xiaomi အနေနဲ့ အခုလိုမျိုး MIUI အစား Pure Android OS ဖြစ်တဲ့ Android One ကို အသုံးပြုလာတာ အခု Mi A1 က ပထမဆုံးပေမယ့် သုံးစွဲသူတွေရဲ့ အကြိုက်ကို သိချင်ဇောနဲ့ Android One နဲ့ MIUI ၂ ခုမှာ ဘယ် OS ကို ပိုသဘောကျလဲဆိုတာကို Vote ပြုလုပ်ခိုင်းတဲ့ Tweet တစ်ခုကို Twitter Page မှာတင်ခဲ့ပါတယ်။

Xiaomi အနေနဲ့ကတော့ MIUI ဟာ လူသုံးပိုများတဲ့ Operating System ဖြစ်တဲ့အတွက် MIUI က Android One အပေါ်ကို အနိုင်ရရှိမယ်လို့ ထင်နေပုံပါပဲ။ ဒါပေမယ့် Vote လုပ်တဲ့သူ တစ်သောင်း ၄ ထောင်ကျော်ရရှိပြီးတဲ့အချိန်မှာ အသုံးပြုသူတွေက Android One OS ကိုပဲ Vote လုပ်ထားကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Xiaomi ဟာ အဆိုပါ Voting Poll Tweet ကို ချက်ခြင်းဖျက်ပစ်လိုက်ပြီး Android One က MIUI ထက် လူကြိုက်ပိုများနေတာကို လက်မခံခဲ့ပါဘူး။ အခုလိုမျိုး Post ကိုပါ ဖျက်ပစ်လိုက်ပေမယ့်လည်း Screenshot တွေကျန်ခဲ့တဲ့အတွက် Xiaomi အတွက်တော့ အရှက်ရဖွယ်ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။