Xiaomi က SU7 လျှပ်စစ်ကားတွေကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ Xiaomi က Porsche နဲ့ Tesla ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Xiaomi takes a leap into the EV race with SU7

SU7 ရဲ့ အရှည်က Speed Ultra ဖြစ်ပြီး စွမ်းရည်မြင့်မားအောင် တည်ဆောက်ထားပါတယ်။ အနောက်ဘီး မောင်းနှင်တဲ့ မော်တာက 299 PS Output နဲ့ 400 Nm Torque ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ၅.၂၈ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ အမြန်နှုန်း မောင်းနှင်နိုင်ပြီး အမြင့်ဆုံး အနေနဲ့ ၁ နာရီကို ၂၁၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၆၆၈ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်ပါတယ်။

Xiaomi takes a leap into the EV race with SU7

မော်တာ ၂ လုံးတပ် မော်ဒယ်က SU7 Max ဖြစ်ပြီး 673 hp နဲ့ 838 Torque ထုတ်လုပ်ပေးနိုင်ပါတယ်။ ၂.၇၈ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အကွာအဝေး အားဖြင့် အားအပြည့်သွင်းထားရင် ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

SU7 ရဲ့ အရှည်က ၄,၉၉၇ မီလီမီတာ၊ အကျယ်က ၁,၉၆၃ မီလီမီတာနဲ့ အမြင့်က ၁,၄၅၅ မီလီမီတာ ရှိပါတယ်။ CATL ရဲ့ 800V Qilin Battery ကို သုံးထားပြီး 101 kWh ပမာဏ ဖြစ်ပါတယ်။ Xiaomi က ၅ မိနစ်အားသွင်းရင် ၂၂၀ ကီလိုမီတာနဲ့ ၁၅ မိနစ်အားသွင်းရင် ၅၁၀ ကီလိုမီတာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။

SU7 ရဲ့ စမတ် Cockpit ကို Qualcomm Snapdragon 8295 Chip မောင်းနှင်ထားပြီး ၁၆.၁ လက်မ 3K Screen ၁ ခု ပါပါတယ်။ စမတ်မောင်းနှင်စနစ်မှာ Nvidia Orin X Chip ၂ ခုပါပြီး 508 TOPS Computing Power ရှိပါတယ်။

Xiaomi CEO Lei Jun က လာမယ့် ၁၅ နှစ်နဲ့ အနှစ် ၂၀ အတွင်းမှာ သူ့ ကုမ္ပဏီဟာ ကမ္ဘာ့ ထိပ်တန်း ကား ကုမ္ပဏီ ၅ ခုထဲပါဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ Xiaomi က အဲဒီ ကား ၂ စီးရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena