[Zawgyi]

Xiaomi ဒီႏွစ္မွာ ေၾကညာမယ့္ Mi Mix 3 ရဲ႕ မ်ိဳးဆက္သစ္ကို လူေတြ အရမ္းကို စိတ္၀င္စားေနၾကပါတယ္။ အခုေတာ့ Mi Mix 4 ကို မၾကာခင္ ေၾကညာေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ဖုန္းကို ၂၀၁၉ ရဲ႕ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ ေၾကညာမယ္လို႔ထင္ရပါတယ္။ Xiaomi က အဲဒီ ဖုန္းကို ေၾကညာမယ့္ အခ်ိန္အတိအက်ကို မေျပာေသးပါဘူး။ ဒါေပမယ့္ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကိုေတာ့ ကုမၸဏီက အတည္ျပဳထားပါတယ္။

Mi Mix 3

ကုမၸဏီရဲ႕ ထုတ္ကုန္ ဒါရိုက္တာ ၀မ္တန္ က Mi Mix 4 မွာ အရင္မ်ိဳးဆက္ထက္ ပိုျမန္တဲ့ ႀကိဳးမဲ့ အားသြင္း စနစ္ ပါလာမယ္လို႔ အရိပ္အျမြက္ ေျပာထားပါတယ္။ သူက ဒီသတင္းကို Mydrivers.com မွာ အတည္ျပဳေျပာလိုက္တာပါ။ User တစ္ေယာက္က Xiaomi Mi Mix 4 ဟာ Xiaomi Mi 9 ထက္ ပိုျမန္သလားလို႔ ေမးထားတာကို ၀မ္တန္က အားသြင္းစနစ္က ထူးျခားမယ္လို႔ ျပန္ေျဖခဲ့ပါတယ္။

အရင္ကေတာ့ Mi Mix 4 ကို ဒီႏွစ္ ၾသဂုတ္လမွာ ေၾကညာမယ္လု႔ိ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ Xiaomi ရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ ဥကၠဌ ျဖစ္သူ လင္ဘင္က အဲဒီ ေကာလဟာလေတြကို ျငင္းဆိုခဲ့ၿပီး ၾသဂုတ္လမွာ မေၾကညာဘူးလို႔ ေျဖရွင္းခဲ့ပါတယ္။ စက္တင္ဘာလမွာ ေၾကညာမယ္လို႔လည္း သတင္းေတြ ထြက္ေနပါတယ္။ Xiaomi ကေတာ့ ေၾကညာမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။

Mi Mix 4 မွာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Snapdragon 800 Series Processor ပါလာမယ္လု႔ိထင္ပါတယ္။ အခ်ိဳ႕သတင္းေတြက အဲဒီဖုန္းမွာ Snapdragon 855 Processor ပါလာမယ္လို႔ ေျပာပါတယ္။ အခ်ိဳ႕ကလည္း မၾကာခင္က ေၾကညာထားတဲ့ Snapdragon 855+ ပါမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

Ref : indiatoday

[Unicode]

Xiaomi အရာရှိက Mi Mix 4 မှာ ကြိုးမဲ့အားသွင်းစနစ်ပါမယ်လို့ အတည်ပြု

Xiaomi ဒီနှစ်မှာ ကြေညာမယ့် Mi Mix 3 ရဲ့ မျိုးဆက်သစ်ကို လူတွေ အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ အခုတော့ Mi Mix 4 ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းကို ၂၀၁၉ ရဲ့ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ကြေညာမယ်လို့ထင်ရပါတယ်။ Xiaomi က အဲဒီ ဖုန်းကို ကြေညာမယ့် အချိန်အတိအကျကို မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကိုတော့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Mi Mix 3

ကုမ္ပဏီရဲ့ ထုတ်ကုန် ဒါရိုက်တာ ဝမ်တန် က Mi Mix 4 မှာ အရင်မျိုးဆက်ထက် ပိုမြန်တဲ့ ကြိုးမဲ့ အားသွင်း စနစ် ပါလာမယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ သူက ဒီသတင်းကို Mydrivers.com မှာ အတည်ပြုပြောလိုက်တာပါ။ User တစ်ယောက်က Xiaomi Mi Mix 4 ဟာ Xiaomi Mi 9 ထက် ပိုမြန်သလားလို့ မေးထားတာကို ဝမ်တန်က အားသွင်းစနစ်က ထူးခြားမယ်လို့ ပြန်ဖြေခဲ့ပါတယ်။

အရင်ကတော့ Mi Mix 4 ကို ဒီနှစ် သြဂုတ်လမှာ ကြေညာမယ်လု့ိ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌ ဖြစ်သူ လင်ဘင်က အဲဒီ ကောလဟာလတွေကို ငြင်းဆိုခဲ့ပြီး သြဂုတ်လမှာ မကြေညာဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ စက်တင်ဘာလမှာ ကြေညာမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Xiaomi ကတော့ ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

Mi Mix 4 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 800 Series Processor ပါလာမယ်လု့ိထင်ပါတယ်။ အချို့သတင်းတွေက အဲဒီဖုန်းမှာ Snapdragon 855 Processor ပါလာမယ်လို့ ပြောပါတယ်။ အချို့ကလည်း မကြာခင်က ကြေညာထားတဲ့ Snapdragon 855+ ပါမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : indiatoday