[Zawgyi]

Xiaomi ရဲ႕ အဓိကၿပိဳင္ဘက္ႀကီးေတြျဖစ္တဲ့ Samsung နဲ႔ Huawei တို႔ကေတာ့ သူတို႔ တီထြင္ဖန္တီးထားတဲ့ Foldable ဖုန္းေတြကို ကိုယ္စီ ကိုယ္စီ ထုတ္ျပ ၿပီးသြားၾကပါၿပီ။ ဒါေပမယ့္ Samsung နဲ႔ Huawei တို႔ရဲ႕ Foldable ဖုန္းေတြက ဒီဇိုင္းပိုင္းအားျဖင့္ ေမွ်ာ္မွန္းထားသေလာက္ ႏွစ္လိုအားရဖြယ္ မရွိတာက တစ္ေၾကာင္း၊ ေစ်းႏႈန္းအားျဖင့္ အလြန္အင္မတန္ ျမင့္မားေနတာက တစ္ေၾကာင္း စတဲ့ အေၾကာင္းအရာေတြေၾကာင့္ “လူ႔အႀကိဳက္ နတ္မလိုက္ႏိုင္” ဆိုသလိုမ်ိဴး လူအမ်ားရဲ႕ လိုအင္ဆႏၵေတြကို ျဖည့္ဆည္း မေပးႏိုင္သလို ျဖစ္ေနပါတယ္။

Foldable ဖုန္း ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ အၿပိဳင္အဆိုင္ႀကိဳးစားေနၾကတဲ့ စမတ္ဖုန္းကုမၸဏီႀကီးေတြထဲမွာ Xiaomi လည္း ပါဝင္ပါတယ္။ ဒီႏွစ္ အေစာပိုင္းတုန္းကဆိုရင္ Xiaomi ရဲ႕ CEO (Chief Executive Officer) ျဖစ္သူ Lei Jun က Foldable ဖုန္းကို စတင္ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့သလို Co-Founder & President ျဖစ္သူ Lin Bin ကလည္း Xiaomi Foldable ဖုန္းရဲ႕ ဗီဒီယိုကို Weibo မွာ မွ်ေဝခဲ့ဖူးပါတယ္။

ဗီဒီယိုထဲမွာ Lin Bin ဟာ Xiaomi Foldable ဖုန္းကို သူကိုယ္တိုင္ ကိုင္တြယ္အသုံးျပဳေနတာျဖစ္ၿပီး Foldable ရဲ႕ အနီးကပ္ျမင္ကြင္းကိုေတာ့ ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဒီေန႔မွာေတာ့ TechConfigurations အမည္ရွိ YouTube Channel တစ္ခုက Xiaomi Foldable ဖုန္းနဲ႔ ပတ္သတ္ၿပီး ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းအခ်က္အလက္ေတြကို အေျခခံကာ အနီးစပ္ဆုံး ဒီဇိုင္းျဖစ္ေအာင္ ဖန္တီးေရးဆြဲထားတဲ့ 3D Concept ဗီဒီယိုကို YouTube ေပၚမွာ မွ်ေဝလာပါတယ္။

TechConfigurations ရဲ႕ 3D Concept ဗီဒီယိုအရ Xiaomi Foldable ဖုန္းဟာ အနား ၂ဖက္ေခါက္ထားမယ္ဆိုရင္ ၆.၅လက္မ အ႐ြယ္အစားရွိၿပီး ျဖန္႔လိုက္မယ္ဆိုရင္ေတာ့ ၁၀လက္မ အထိ ရွိတယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာ Triple-camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရၿပီး Selfie Camera ကိုေတာ့ Punch-hole Design နဲ႔ ထည့္သြင္းတပ္ဆင္ထားပါတယ္။ USB Type-C နဲ႔ In-Display Fingerprint Sensor တို႔ပါဝင္ၿပီး Stereo Speaker ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ကြၽမ္းက်င္ပညာရွင္ တခ်ိဴ႕ကေတာ့ အဆိုပါဖုန္းကို Xiaomi Dual Flex ဒါမွမဟုတ္ Xiaomi MIX Flex လို႔ ေခၚဆိုႏိုင္ၿပီး ဒီႏွစ္ထဲမွာ မိတ္ဆက္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Xiaomi ရဲ့ ၂ဖက်ခေါက်ချိူးလို့ရတဲ့ ၂ခေါက်ချိူးဖုန်း Concept ဗီဒီယို ထွက်ပေါ်လာပြီ

Xiaomi ရဲ့ အဓိကပြိုင်ဘက်ကြီးတွေဖြစ်တဲ့ Samsung နဲ့ Huawei တို့ကတော့ သူတို့ တီထွင်ဖန်တီးထားတဲ့ Foldable ဖုန်းတွေကို ကိုယ်စီ ကိုယ်စီ ထုတ်ပြ ပြီးသွားကြပါပြီ။ ဒါပေမယ့် Samsung နဲ့ Huawei တို့ရဲ့ Foldable ဖုန်းတွေက ဒီဇိုင်းပိုင်းအားဖြင့် မျှော်မှန်းထားသလောက် နှစ်လိုအားရဖွယ် မရှိတာက တစ်ကြောင်း၊ စျေးနှုန်းအားဖြင့် အလွန်အင်မတန် မြင့်မားနေတာက တစ်ကြောင်း စတဲ့ အကြောင်းအရာတွေကြောင့် “လူ့အကြိုက် နတ်မလိုက်နိုင်” ဆိုသလိုမျိူး လူအများရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်း မပေးနိုင်သလို ဖြစ်နေပါတယ်။

Foldable ဖုန်း ထုတ်လုပ်ရောင်းချဖို့အတွက် အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ စမတ်ဖုန်းကုမ္ပဏီကြီးတွေထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။ ဒီနှစ် အစောပိုင်းတုန်းကဆိုရင် Xiaomi ရဲ့ CEO (Chief Executive Officer) ဖြစ်သူ Lei Jun က Foldable ဖုန်းကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သလို Co-founder & President ဖြစ်သူ Lin Bin ကလည်း Xiaomi Foldable ဖုန်းရဲ့ ဗီဒီယိုကို Weibo မှာ မျှဝေခဲ့ဖူးပါတယ်။

ဗီဒီယိုထဲမှာ Lin Bin ဟာ Xiaomi Foldable ဖုန်းကို သူကိုယ်တိုင် ကိုင်တွယ်အသုံးပြုနေတာဖြစ်ပြီး Foldable ရဲ့ အနီးကပ်မြင်ကွင်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ TechConfigurations အမည်ရှိ YouTube Channel တစ်ခုက Xiaomi Foldable ဖုန်းနဲ့ ပတ်သတ်ပြီး ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းအချက်အလက်တွေကို အခြေခံကာ အနီးစပ်ဆုံး ဒီဇိုင်းဖြစ်အောင် ဖန်တီးရေးဆွဲထားတဲ့ 3D Concept ဗီဒီယိုကို YouTube ပေါ်မှာ မျှဝေလာပါတယ်။

TechConfigurations ရဲ့ 3D Concept ဗီဒီယိုအရ Xiaomi Foldable ဖုန်းဟာ အနား ၂ဖက်ခေါက်ထားမယ်ဆိုရင် ၆.၅လက်မ အရွယ်အစားရှိပြီး ဖြန့်လိုက်မယ်ဆိုရင်တော့ ၁၀လက်မ အထိ ရှိတယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာ Triple-camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပြီး Selfie Camera ကိုတော့ Punch-hole Design နဲ့ ထည့်သွင်းတပ်ဆင်ထားပါတယ်။ USB Type-C နဲ့ In-display Fingerprint Sensor တို့ပါဝင်ပြီး Stereo Speaker ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါဖုန်းကို Xiaomi Dual Flex ဒါမှမဟုတ် Xiaomi MIX Flex လို့ ခေါ်ဆိုနိုင်ပြီး ဒီနှစ်ထဲမှာ မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina