[Zawgyi]

Consumer Electronic Show (CES 2019) ပြဲစဖို႔လည္း ရက္ပိုင္းေလာက္ပဲ လိုပါေတာ့တယ္။ ဒီခ်ိန္က ဘယ္ကုမၸဏီက ဘာပစၥည္းေတြ ဘယ္လိုထြင္လာမလဲဆိုတာ Rumors ေတြေစာင့္ျပီး ရင္ခုန္ေနရတဲ့ အခ်ိန္ပါ။

အရင္ေန႔ကလည္း Galaxy S10 ရဲ႕ ပံုစံဆိုျပီး Leak ေတြ ထြက္ခဲ့ျပီးေတာ့ ဒီတစ္ေခါက္မွာေတာ့ ထူးထူးျခားျခား ပိုစိတ္ဝင္စားဖို႔ေကာင္းတာ တစ္ခု သတင္းထြက္လာခဲ့ပါျပီ။

၂၀၁၉ ရဲ႕ Trend တစ္ခုက ေကြးေခါက္ႏုိင္တဲ့ဖုန္းေတြ ျဖစ္လာဖို႔လည္း မ်ားပါတယ္။ ပိုၾကီးတဲ့ ေကြေးခါက္ႏုိုင္တဲ့ တကယ္ကို ေကြးေခါက္ပစ္လိုက္လိ႔ုရတဲ့ Tablet တစ္လံုး ထပ္ထြက္လာမယ္ ဆိုရင္ေရာ?

Leak သတင္းေတြ ထြက္တဲ့ေနရာမွာ နာမည္ၾကီးတဲ့ အျမဲလည္းမွန္တဲ့ Evan Blass ကေတာ့  ေခါက္လိုက္ရင္ ဖုန္းတစ္လံုးလို ျဖစ္သြားေလာက္ေအာင္ သပ္သပ္ရပ္ရပ္ ေကြးေခါက္ႏုိင္တဲ့ Android Tablet တစ္လံုးကို ဗီဒီယိုေလး တင္ထားပါတယ္။

ထံုးစံအတုိင္း ဘယ္ဖုန္းေလးပါဆိုျပီး ထုတ္မေျပာႏုိင္ေပမယ့္ Xiaomi က လုပ္ထားတာ ျဖစ္ေကာင္းျဖစ္ႏုိင္တယ္လို႔ေတာ့ ေျပာထားပါတယ္။ တကယ္လည္း Xiaomi က ထုတ္တာျဖစ္ဖို႔ေတ့ာ မ်ားေပမယ့္ ေသခ်ာေပါက္ကေတာ့ ေကြးေခါက္ႏုိင္တဲ့ Tablet  ဖုန္းတစ္လံုး ထပ္ျမင္ရဖို႔ လမ္းစေတာ့ ေပၚလာပါျပီ။

၂၀၁၉ ရဲ႕ Trend ဆိုတဲ့အတုိင္း မႏွစ္ ႏုိဝင္ဘာတုန္းကလည္း Samsung ကေန သူ႔ရဲ႕ Flex Display နည္းပညာကို ခ်ျပသြားခဲ့ျပီး CES 2017 တုန္းကလည္း Lenovo က ေကြးေခါက္ႏုိင္တဲ့ Concept Device တစ္လံုးကို ခ်ျပခဲ့ဖူးပါတယ္။

ထူးျခားတာက Samsung တို႔ Lenovo တို႔ရဲ႕  အဲဒီေကြးေခါက္ႏုိင္တဲ့ ဖုန္းေတြက တစ္ေနရာတည္းကေန ေခါက္ျပီး ၂ျခမ္းျဖစ္သြားတာမ်ိဳး ျဖစ္ေပမယ့္ ဒီဗီဒီယုိထဲမွာေတာ့ ၂ေနရာေတာင္ ေကြးေခါက္ႏုိင္တဲ့ Tablet ျဖစ္ေနေတာ့ ဖန္တိီးႏုိင္စြမ္းကို ခ်ီးက်ဴးမိပါတယ္။

ဖန္တီးထားတဲ့ Video လည္း ျဖစ္ေကာင္းျဖစ္ႏုိင္ေပမယ့္ လာမယ့္ 2019 CES ပြဲမွာ တကယ္ေတြ႔ရမလားဆိုတာကိုေတာ့ ရင္ခုန္စြာ ေစာင့္ၾကည့္ၾကရေအာင္..

Ref: CNet

[Unicode]

Consumer Electronic Show (CES 2019) ပွဲစဖို့လည်း ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီချိန်က ဘယ်ကုမ္ပဏီက ဘာပစ္စည်းတွေ ဘယ်လိုထွင်လာမလဲဆိုတာ Rumors တွေစောင့်ပြီး ရင်ခုန်နေရတဲ့ အချိန်ပါ။

အရင်နေ့ကလည်း Galaxy S10 ရဲ့ ပုံစံဆိုပြီး Leak တွေ ထွက်ခဲ့ပြီးတော့ ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြား ပိုစိတ်ဝင်စားဖို့ကောင်းတာ တစ်ခု သတင်းထွက်လာခဲ့ပါပြီ။

၂၀၁၉ ရဲ့ Trend တစ်ခုက ကွေးခေါက်နိုင်တဲ့ဖုန်းတွေ ဖြစ်လာဖို့လည်း များပါတယ်။ ပိုကြီးတဲ့ ကွေေးခါက်နိုင်တဲ့ တကယ်ကို ကွေးခေါက်ပစ်လိုက်လိ့ုရတဲ့ Tablet တစ်လုံး ထပ်ထွက်လာမယ် ဆိုရင်ရော?

Leak သတင်းတွေ ထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့ အမြဲလည်းမှန်တဲ့ Evan Blass ကတော့  ခေါက်လိုက်ရင် ဖုန်းတစ်လုံးလို ဖြစ်သွားလောက်အောင် သပ်သပ်ရပ်ရပ် ကွေးခေါက်နိုင်တဲ့ Android Tablet တစ်လုံးကို ဗီဒီယိုလေး တင်ထားပါတယ်။

ထုံးစံအတိုင်း ဘယ်ဖုန်းလေးပါဆိုပြီး ထုတ်မပြောနိုင်ပေမယ့် Xiaomi က လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့တော့ ပြောထားပါတယ်။ တကယ်လည်း Xiaomi က ထုတ်တာဖြစ်ဖို့တေ့ာ များပေမယ့် သေချာပေါက်ကတော့ ကွေးခေါက်နိုင်တဲ့ Tablet  ဖုန်းတစ်လုံး ထပ်မြင်ရဖို့ လမ်းစတော့ ပေါ်လာပါပြီ။

၂၀၁၉ ရဲ့ Trend ဆိုတဲ့အတိုင်း မနှစ် နိုဝင်ဘာတုန်းကလည်း Samsung ကနေ သူ့ရဲ့ Flex Display နည်းပညာကို ချပြသွားခဲ့ပြီး CES 2017 တုန်းကလည်း Lenovo က ကွေးခေါက်နိုင်တဲ့ Concept Device တစ်လုံးကို ချပြခဲ့ဖူးပါတယ်။

ထူးခြားတာက Samsung တို့ Lenovo တို့ရဲ့  အဲဒီကွေးခေါက်နိုင်တဲ့ ဖုန်းတွေက တစ်နေရာတည်းကနေ ခေါက်ပြီး ၂ခြမ်းဖြစ်သွားတာမျိုး ဖြစ်ပေမယ့် ဒီဗီဒီယိုထဲမှာတော့ ၂နေရာတောင် ကွေးခေါက်နိုင်တဲ့ Tablet ဖြစ်နေတော့ ဖန်တီးနိုင်စွမ်းကို ချီးကျူးမိပါတယ်။

ဖန်တီးထားတဲ့ Video လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လာမယ့် 2019 CES ပွဲမှာ တကယ်တွေ့ရမလားဆိုတာကိုတော့ ရင်ခုန်စွာ စောင့်ကြည့်ကြရအောင်..

Ref: CNet