Zawgyi

ျပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လတုန္းက Xiaomi က ပံုမွန္ Mi Notebook Air နဲ႔ Mi Notebook Pro Laptop ေတြအျပင္ Mi Gaming Laptop ဆုိျပီး Gaming Laptop ေစ်းကြက္ထဲကို စတင္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ Mi Gaming Laptop ဟာဆုိရင္လည္း တျခားေသာ Xiaomi Product ေတြလုိပဲ Specs ပိုင္းျမင့္မားျပီး ေစ်းႏႈန္းအရ ေတာ္ေတာ္ေလးကို သက္သာေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Xiaomi ကေန Mi Gaming Laptop ေတြကို 2019 Version အေနနဲ႔ အသစ္မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ Leaker ျဖစ္တဲ့ @Sudhanshu1414 ရဲ႕ ေျပာၾကားခ်က္အရ ဒီ Xiaomi ကေန မိတ္ဆက္လာႏုိင္ေျခရွိတဲ့ Mi Gaming Laptop 2019 ဒါမွမဟုတ္ Mi Gaming Laptop 2 ေတြရဲ႕ Specification ေတြကေတာ့ ေအာက္ပါအတုိင္းပဲျဖစ္ပါတယ္။

Top model

9th Gen Intel Core-i7 processor
NVIDIA GeForce RTX 2060
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

High-end model

9th Gen Intel Core-i7 processor
NVIDIA GeForce GTX 1660 Ti
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

Base model

9th Gen Intel Core-i5 processor
NVIDIA GeForce RTX 1660 Ti
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

ဒါေတြကေတာ့ Mi Gaming Laptop 2019 ေတြရဲ႕ ျဖစ္ႏုိင္တဲ့ Specification ေတြပဲျဖစ္ျပီးေတာ့ Screen Size နဲ႔ တျခားေသာ Design ေျပာင္းလဲမႈေတြရွိမရွိကိုေတာ့ အခုထိမသိရွိရေသးပါဘူး။ Xiaomi Laptop Official Weibo Account မွာေတာ့ လာမယ့္ ၾသဂုတ္လ ၄ ရက္ေန႔မွာ Launch Event တစ္ခုျပဳလုပ္မယ္လုိ႔ တင္ထားခဲ့တဲ့အတြက္ အဲ့ဒီအခ်ိန္မွာ ဒီ Mi Gaming Laptop အသစ္ေတြကို မိတ္ဆက္လာႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ စြမ္းေဆာင္ရည္ေကာင္းတဲ့အျပင္ ေစ်းလည္းသက္သာရမယ္ဆုိတဲ့ Gaming Laptop ေတြကို ရွာေနတယ္ဆုိရင္ ဒီ Mi Gaming Laptop ေတြကို ေစာင့္တာပိုအဆင္ေျပမွာပါ။

Ref – GizmoChina

Unicode

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လတုန်းက Xiaomi က ပုံမှန် Mi Notebook Air နဲ့ Mi Notebook Pro Laptop တွေအပြင် Mi Gaming Laptop ဆိုပြီး Gaming Laptop ဈေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Mi Gaming Laptop ဟာဆိုရင်လည်း တခြားသော Xiaomi Product တွေလိုပဲ Specs ပိုင်းမြင့်မားပြီး ဈေးနှုန်းအရ တော်တော်လေးကို သက်သာနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ Mi Gaming Laptop တွေကို 2019 Version အနေနဲ့ အသစ်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ Leaker တစ်ခုဖြစ်တဲ့ @Sudhanshu1414 ရဲ့ ပြောကြားချက်အရ ဒီ Xiaomi ကနေ မိတ်ဆက်လာနိုင်ခြေရှိတဲ့ Mi Gaming Laptop 2019 ဒါမှမဟုတ် Mi Gaming Laptop 2 တွေရဲ့ Specification တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Top model

9th Gen Intel Core-i7 processor
NVIDIA GeForce RTX 2060
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

High-end model

9th Gen Intel Core-i7 processor
NVIDIA GeForce GTX 1660 Ti
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

Base model

9th Gen Intel Core-i5 processor
NVIDIA GeForce RTX 1660 Ti
16GB DDR4 DRAM (2666MHz)
512GB SSD
144Hz Full HD Display

ဒါတွေကတော့ Mi Gaming Laptop 2019 တွေရဲ့ ဖြစ်နိုင်တဲ့ Specification တွေပဲဖြစ်ပြီးတော့ Screen Size နဲ့ တခြားသော Design ပြောင်းလဲမှုတွေရှိမရှိကိုတော့ အခုထိမသိရှိရသေးပါဘူး။ Xiaomi Laptop Official Weibo Account မှာတော့ လာမယ့် သြဂုတ်လ ၄ ရက်နေ့မှာ Launch Event တစ်ခုပြုလုပ်မယ်လို့ တင်ထားခဲ့တဲ့အတွက် အဲ့ဒီအချိန်မှာ ဒီ Mi Gaming Laptop အသစ်တွေကို မိတ်ဆက်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် စွမ်းဆောင်ရည်ကောင်းတဲ့အပြင် ဈေးလည်းသက်သာရမယ်ဆိုတဲ့ Gaming Laptop တွေကို ရှာနေတယ်ဆိုရင် ဒီ Mi Gaming Laptop တွေကို စောင့်တာပိုအဆင်ပြေမှာပါ။

Ref – GizmoChina