နောက်မျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ ပြိုင်ပွဲဟာ ပြင်းထန်လာပြီး Xiaomi ဟာ OPPO , vivo တို့နဲ့အတူ 5.5G နည်းပညာကို ဖန်တီးနေပါတယ်။ အခုတော့ Xiaomi ဟာ Snapdragon 8 Gen 3 Chip ပါတဲ့ Device တွေအတွက် OTA က‌နေ 5.5G ကို ထည့်သွင်းပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ China Mobile က မကြာခင်က 5.5G ကို Xiaomi 14 Ultra မှာ စမ်းသပ်ခဲ့ပြီး 5132Mbps အထိ မြန်တာကို တွေ့ရပါတယ်။

Xiaomi 5.5G

5.5G ကို 5G-A လို့လည်း ခေါ်ပြီး လက်ရှိ 5G နဲ့ အနာဂတ် 6G ကို ပေါင်းကူးပေးတဲ့ တံတား ဖြစ်ပါတယ်။ 5.5G ဟာ 5G ထက် ၁၀ ဆ ပိုမြန်ပြီး Latency ပိုနည်းပါတယ်။ တည်နေရာ ညွှန်ပြမှု တိုးတက်လာပြီး တည်ငြိမ်မှု ပိုကောင်းလာပါတယ်။ Snapdragon 8 Gen 3 နဲ့ Dimensity 9300 Processor တွေပါတဲ့ ဖုန်းအများစုဟာ 5.5G ကို ထောက်ပံ့နိုင်ပါတယ်။

တခြား သတင်း ၁ ပုဒ်မှာ Xiaomi ဟာ ကားအတွက် ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်လာပါတယ်။ ကားတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးရင် Navigation ပိုကောင်းလာမှာ ဖြစ်သလို ကားရဲ့ စွမ်းဆောင်ရည်ဟာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ Xiaomi ဟာ ဂြိုလ်တု ဆက်သွယ်ရေးကို မကြာခင်က ကြေညထားတဲ့ Xiaomi SU7 မှာ ထည့်သွင်းပေးမလား နောက်ထုတ်မယ့် ကားတွေမှာ ထည့်သွင်းပေးမလား ဆိုတာ မသိရသေးပါဘူး။

Xiaomi 5.5G Coming Soon DCS

Xiaomi အပြင် Geely ကလည်း အာကာသမှာ ဂြိုလ်တုတွေ လွှတ်တင်ထားပြီး သူ့ရဲ့ ကားတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။ အနာဂတ်မှာတော့ ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ကားတွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina