Xiaomi Civi 2 ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ အဆိုပါ Xiaomi Civi 2 ဖုန်းက Civi Series ဖြစ်တာကြောင့် Performance ပိုင်းထက် မိန်းကလေးကြိုက်၊ Selfie Camera ဦးစားပေးဖုန်းတစ်လုံးအနေနဲ့ ထွက်ရှိထားခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Civi 2 ဖုန်းကို Special Limited Edition အနေနဲ့ အသစ်ထပ်ပြီး မိတ်ဆက်လိုက်ပါပြီ။ ဒါက နာမည်ကြီး ကာတွန်းဇတ်ကောင်ဖြစ်တဲ့ Hello Kitty ကို အခြေခံထားတာဖြစ်ပြီး Hello Kitty Special Limited Ediiton ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Xiaomi Civi 2 Hello Kitty Edition ဟာ ဒီဇိုင်းပိုင်းမှာ အဖြူရောင်ကိုမှ နောက်ကျောဘက်မှာ ပန်းရောင် Hello Kitty ရုပ်လေးတွေနဲ့ အလှဆင်ထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဘူးဒီဇိုင်းကိုပါ Hello Kitty Design ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ လောလောဆယ်မှာ Hello Kitty Edition ကို တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒီဇိုင်းပိုင်းကိုပဲ အဓိကပြောင်းလဲထားတာကြောင့် အတွင်းပိုင်း Specification အနေနဲ့ ယခင် Xiaomi Civi 2 ဖုန်းအတိုင်းပဲ တူညီမှာဖြစ်ပါတယ်။ ဒါကြောင့် Qualcomm Snapdragon 7 Gen 1 Chipset ၊ RAM 12GB ၊ 256GB Storage ပါဝင်မှာဖြစ်ပြီး နောက်ကျောဘက်မှာ 50MP Main Camera ကို အသုံးပြုထားတဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာ 32MP Main Sensor အပြင် နောက်ထပ် 32MP 100-degree FoV Ultrawide Sensor ပါဝင်တဲ့ Dual Selfie Camera ပါဝင်မှာဖြစ်ပြီး Dual LED Flash ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Xiaomi Civi 2 Hello Kitty Special Limited Edition ဖုန်းဟာ စျေးနှုန်းအနေနဲ့ ယခင် Civi 2 လိုမျိုးပဲ RAM 12GB/256GB Version ကို တရုတ်ယွမ်ငွေ ၂,၇၉၉ (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena