Xiaomi က Device တချို့အတွက် HyperOS ကို ပြီးခဲ့တဲ့လအနည်းငယ်က ဖြန့်ချိခဲ့ပါတယ်။ အဲဒီ Update ကို တစ်ကမ္ဘာလုံးအတွက် စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပါတယ်။

Xiaomi HyperOS Logo

လက်ရှိအချိန်အထိ HyperOS ကို ဖုန်း အသစ် အနည်းငယ်မှာပဲရကြပါသေးတယ်။ အခုတော့ Xiaomi က ဖုန်းအဟောင်းတွေအတွက် HyperOS ကို စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

Xiaomi ဟာ HyperOS နဲ့ Software စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ကုမ္ပဏီက HyperOS ကို Device မျိုးစုံနဲ့ ကားမှာပါ ထည့်သွင်းအသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ Xiaomi ဟာ Android Version များစွာအတွက် MIUI ကို ဖန်တီးခဲ့ပါတယ်။ အခုတော့ HyperOS ကို ဖြန့်ချိလိုက်ပြီး MIUI ကို အဆုံးသတ်လိုက်ပါပြီ။

Chinese smartphone company Xiaomi releases HyperOS as it plans car

မကြာခင်က Xiaomi Device အဟောင်း ၃ လုံးအတွက် HyperOS Build ဟာ ကုမ္ပဏီရဲ့ ဆာဗာမှာ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ ဖုန်း ၃ လုံးက Redmi K40 , Xiaomi 12X နဲ့ Redmi Note 12 Pro 4G တို့ ဖြစ်ပါတယ်။

အဲဒီဖုန်းတွေအတွက် Software Build ဟာ Android 14 အစား Android 13 ကို အခြေပြုထားတာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေဟာ တတိယမြောက် Android Update ကို မရပေမယ့် HyperOS ကိုတော့ရကြမှာပါ။

Redmi K40 ဟာ Poco F3 နဲ့ Mi 11X ဖြစ်ပြီး Redmi Note 12 Pro 4G ဟာ Redmi Note 10 Pro (Max) ကို အမည်ပြောင်းထားတာ ဖြစ်တဲ့အတွက် အဲဒီဖုန်းတွေမှာလည်း HyperOS ကို ရနိုင်ပါတယ်။

Ref : gizmochina