ကျွန်တော်တို့နဲ့ ရင်းနှီးနေပြီဖြစ်တဲ့ Xiaomi ဟာ ဒီနှစ်ထဲမှာလည်း ရောင်းအားကောင်းနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လထဲမှာတင် ဖုန်းအလုံးရေ ၁၀ သန်းခန့်ရောင်းချခဲ့ရတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပြီး အခုအချိန်မှာ ဒီနှစ်ရဲ့ ၁၀ ရောင်းအားကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သတင်းထုတ်ပြန်ချက်အရ Xiaomi ဟာ ယခုနှစ်စကနေ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်းမှာ ဖုန်းအလုံးရေ သန်း ၇၀ ကျော်ရောင်းချခဲ့ရပြီး ဒါက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က စံချိန်တင်ခဲ့တဲ့ ဖုန်းအလုံးရေ ၇၁ သန်းတင်ပို့ရောင်းချရခဲ့မှုကို ကျော်သွားတော့မှာဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Lei Jun ပြောကြားချက်အရတော့ ယခုရောင်းချရမှုက ၁၀ လရောင်းချရမှုသာဖြစ်ပြီး နှစ်ကုန်ကြရင် တစ်နှစ်လုံးကို ဖုန်းအလုံးရေ သန်း ၉၀ ခန့် ရောင်းချရမယ်လို့ ခန့်မှန်းထားတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် Xiaomi ကုမ္ပဏီရဲ့ နောက်နှစ် ၂၀၁၈ ခုနှစ်အတွက် ရည်မှန်းချက်ကိုလည်း ဖော်ပြခဲ့ပြီး နောက်နှစ်မှာ ဖုန်းအလုံးရေ သန်း ၁၀၀ အထိ တင်ပို့ရောင်းချနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားသွားပါတယ်။