Xiaomi ကနေ အခုနောက်ပိုင်းမှာ Screen အပြည့်စမတ်ဖုန်းဈေးကွက်ကို Xiaomi Mi Mix Series ဖုန်းတွေတင်မကပဲနဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေမှာပါ အသုံးပြုလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Screen Display ကို ဖုန်းမျက်နှာပြင်အပြည့် ပြုလုပ်ထားရတဲ့အတွက် ယခင်တုန်းကဖုန်းတွေလိုမျိုး Hardware Navigation Keys တွေကို ဖယ်ရှားလိုက်ရပါတယ်။

အဲ့ဒီအတွက် Xiaomi ကနေ Xiaomi Redmi 5 ၊ Redmi 5 Plus နဲ့ Xiaomi Mi Mix ၊ Mi Mix 2 စမတ်ဖုန်းတွေကို Multitasking ပြုလုပ်ဖို့ Screen Gestures အသစ်တွေကို ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။

အခု Multitasking Gestures အသစ်က MIUI 9 Global Beta ROM 7.12.28 မှာ ပါဝင်လာတာဖြစ်ပြီး Apple iPhone X မှာ ပါဝင်သလိုပဲ Screen အောက်ခြေကနေ အပေါ်ကိုကိုဆွဲပြီး ခတ္တရပ်ထားရမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကြမှ ဘယ်၊ ညာ နှစ်သက်သလို ရွေ့ပြီး ဖွင့်ထားတဲ့ Applications တွေကို မြင်ရမှာဖြစ်ပါတယ်။

Xiaomi ကနေ အခုလိုမျိုး Multitasking Gestures တွေကို ထည့်သွင်းပေးလိုက်တာက နောက်ထွက်လာမယ့် Xiaomi ဖုန်းတွေအကုန်လုံးကို 18:9 Full Screen Display တွေပဲ ထည့်သွင်းပေးတော့မယ်ဆိုတာ သက်သေခံလိုက်သလိုပါပဲ။