Xiaomi ရဲ့ အောင်မြင်မှုကတော့ ဒီနှစ်မှာအတောမသတ်နိုင်အောင်ပါပဲ။ မိခင်တရုတ်နိုင်ငံမှာလည်း ဝယ်ယူသူတွေများပြားတယ်ဆိုပေမယ့် Xiaomi ရဲ့ ဒုတိယမြောက်အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ ကောင်းကောင်းကြီးကို အောင်ပွဲခံနေပြီဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်အတွက် Xiaomi ကနေ အိန္ဒိယနိုင်ငံကို စမတ်ဖုန်းအလုံးရေ ၃၉ သန်းအထိ ရောင်းချနိုင်ခဲ့ပြီဖြစ်ပြီးတော့ ဒါက ယခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်းကျော်တိုးတက်လာတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Xiaomi က IDC ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းအမှတ်တံဆိပ် ၅ ခုထဲကိုဝင်ရောက်ရုံသာမကပဲ ဒီနှစ်အတွက် အရောင်းရဆုံးသော Brand ဖြစ်တဲ့ Samsung နဲ့ပါ တူညီတဲ့ ဈေးကွက်ရှယ်ယာ ၂၃.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

Samsung နဲ့ Xiaomi တို့က ပထမနေရာကို ရယူထားတယ်ပြီး တတိယနေရာမှာ Lenovo, နောက်ပြီး Motorola နဲ့ Vivo တို့က ရပ်တည်နေတာကို တွေ့ရပါတယ်။

အခုလိုမျိုး မိခင် တရုတ်နိုင်ငံမဟုတ်တဲ့ အိန္ဒိယနိုင်ငံမှာတောင်အခုလိုမျိုး အောင်မြင်မှုတွေရရှိနေတဲ့ Xiaomi ဟာ နောက်ဆိုရင် တမ္ဘာလုံးအထိပါ ရောင်းချသွားမယ်လို့ ယူဆမှာပါ။