[Zawgyi]

သတင္းေတြထြက္ထားတဲ့အတုိင္းပဲ Xiaomi ကုမၸဏီဟာ Redmi Go လုိ႔အမည္ေပးထားတဲ့ သူတုိ႔ရဲ႕ ပထမဆုံး Android Go စမတ္ဖုန္းကို မိတ္ဆက္လာခဲ့ပါတယ္။ အေစာပုိင္းမွာ ဥေရာပနဲ႔ ဖိလစ္ပုိင္ေစ်းကြက္ေတြကို အရင္ဝင္လာမယ္လို႔ သတင္းထြက္ခဲ့ေသာ္လည္း ဥေရာပတုိက္ကေတာ့ နည္းနည္းပိုေစာင့္ရဦးမယ့္ ပုံျဖစ္ၿပီး ဖိလစ္ပုိင္ေစ်းကြက္မွာ အႀကိဳမွာယူမႈကို လက္ခံေနပါၿပီ။

Redmi Go ရဲ႕တန္ဖုိးကေတာ့ ဖိလစ္ပုိင္ပီဆုိ ၃,၉၉၀ (ျမန္မာေငြ တစ္သိန္းတစ္ေသာင္းေျခာက္ေထာင္ခန္႔) သတ္မွတ္ထားတာကို ေတြ႕ရၿပီး တင္ပုိ႔ရက္ကေတာ့ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ျဖစ္ပါတယ္။

Redmi Go ဟာ ေစ်းခ်ဳိဖုန္းေတြအတြက္ ရည္စူးထားတဲ့ Android Go OS ကုိအသုံးျပဳလာတာနဲ႔ အညီ အေျခခံ 5” လက္မအရြယ္ HD Screen ကိုအသုံးျပဳလာပါတယ္။ အတြင္းမွာ Snapdragon 425 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး Android 8.1 Oreo (Go Edition) စက္ႏွင္စနစ္ျဖင့္ သုံးစြဲရမွာပါ။ အဆုိပါ Go Edition မွာ Google ရဲ႕ Maps, Gmail, YouTube စတဲ့ App ေတြအတြက္ ေပါ့ပါးတဲ့ Lite ဗားရွင္းအက္ပလီေကးရွင္းေတြ ပါဝင္တယ္။

ကင္မရာကလည္း ရုိးစင္းၿပီး ေနာက္ဘက္ 8MP ကင္မရာနဲ႔ ေရွ႕ဘက္ဆယ္ဖီ 5MP ကင္မရာတုိ႔ပဲ ပါဝင္ပါတယ္။ Redmi Go ဟာ 3,000 mAh ဘကၳရီကို ထည့္ထားၿပီး အနက္ေရာင္ သုိ႔မဟုတ္ အျပာေရာင္ တုိ႔ျဖင့္ ရရွိႏုိင္မွာပါ။ ႏုိင္ငံတကာေစ်းကြက္ကိုလည္း မၾကာမီ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

[Unicode]

သတင်းတွေထွက်ထားတဲ့အတိုင်းပဲ Xiaomi ကုမ္ပဏီဟာ Redmi Go လို့အမည်ပေးထားတဲ့ သူတို့ရဲ့ ပထမဆုံး Android Go စမတ်ဖုန်းကို မိတ်ဆက်လာခဲ့ပါတယ်။ အစောပိုင်းမှာ ဥရောပနဲ့ ဖိလစ်ပိုင်ဈေးကွက်တွေကို အရင်ဝင်လာမယ်လို့ သတင်းထွက်ခဲ့သော်လည်း ဥရောပတိုက်ကတော့ နည်းနည်းပိုစောင့်ရဦးမယ့် ပုံဖြစ်ပြီး ဖိလစ်ပိုင်ဈေးကွက်မှာ အကြိုမှာယူမှုကို လက်ခံနေပါပြီ။

Redmi Go ရဲ့တန်ဖိုးကတော့ ဖိလစ်ပိုင်ပီဆို ၃,၉၉၀ (မြန်မာငွေ တစ်သိန်းတစ်သောင်းခြောက်ထောင်ခန့်) သတ်မှတ်ထားတာကို တွေ့ရပြီး တင်ပို့ရက်ကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ဖြစ်ပါတယ်။

Redmi Go ဟာ ဈေးချိုဖုန်းတွေအတွက် ရည်စူးထားတဲ့ Android Go OS ကိုအသုံးပြုလာတာနဲ့ အညီ အခြေခံ 5” လက်မအရွယ် HD Screen ကိုအသုံးပြုလာပါတယ်။ အတွင်းမှာ Snapdragon 425 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး Android 8.1 Oreo (Go Edition) စက်နှင်စနစ်ဖြင့် သုံးစွဲရမှာပါ။ အဆိုပါ Go Edition မှာ Google ရဲ့ Maps, Gmail, YouTube စတဲ့ App တွေအတွက် ပေါ့ပါးတဲ့ Lite ဗားရှင်းအက်ပလီကေးရှင်းတွေ ပါဝင်တယ်။

ကင်မရာကလည်း ရိုးစင်းပြီး နောက်ဘက် 8MP ကင်မရာနဲ့ ရှေ့ဘက်ဆယ်ဖီ 5MP ကင်မရာတို့ပဲ ပါဝင်ပါတယ်။ Redmi Go ဟာ 3,000 mAh ဘက္ထရီကို ထည့်ထားပြီး အနက်ရောင် သို့မဟုတ် အပြာရောင် တို့ဖြင့် ရရှိနိုင်မှာပါ။ နိုင်ငံတကာဈေးကွက်ကိုလည်း မကြာမီ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena