Xiaomi ရဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ MIUI OS ဟာလက်ရှိအချိန်မှာ MIUI 9.2 ကိုရောက်ရှိနေပြီဖြစ်ပြီး အခုအချိန်မှာလည်း Xiaomi ဖုန်းတွေအကုန်လုံးအတွက် ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi အနေနဲ့ အခုအချိန်မှာ နောက်ထပ် MIUI Update ဖြစ်တဲ့ MIUI 10 ကို စတင်ဖို့ ပြုလုပ်နေပြီဖြစ်ပါတယ်။

MIUI 10 အတွက် Developement တွေကို စတင်တဲ့ Event ကို Beijing ၊ China မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Xiaomi ရဲ့ Co-founder နဲ့ Vice President အဖြစ်တာဝန်ယူထားတဲ့ Hong Feng ကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Xiaomi ရဲ့ အခု MIUI 10 OS ဟာဆိုရင် အဓိကအနေနဲ့ ညဏ်ရေတုနည်းပညာတွေဖြစ်တဲ့ AI – Artificial Intelligence နဲ Machine Learning ကိုပဲ အဓိကထားပြီးဆောင်ရွက်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Xiaomi အနေနဲ့ အခုမှ MIUI 10 ကို စတင် Development ပြုလုပ်နေတာဖြစ်တဲ့အတွက် အမှန်တကယ်ထွက်ရှိလာဖို့ကတော့ နှစ်ဝက်နောက်ပိုင်းမှ အသေးစိတ်သိရှိရမယ်လို့ ယူဆရပါတယ်။

အခု MIUI 10 OS ဟာ Xiaomi ဖုန်းတွေအတွက် ဘယ်လိုမျိုး ပြောင်းလဲသွားစေမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။