Zawgyi

Xiaomi ဖုန္းေတြလုိ႔ေျပာလုိက္တာနဲ႔ Android OS ကို Feature ေတြအမ်ားအျပားနဲ႔ အေပၚကေန အုပ္ထားတဲ့ MIUI ကို ေျပးျမင္ၾကမွာပါ။ ဒီ MIUI ဟာ Xiaomi ဖုန္းေတြမွာ ျပီးခဲ့တဲ့ ၂၀၁၀ ခုႏွစ္ထဲက ရွိေနခဲ့တာျဖစ္ျပီးေတာ့ Beta Program ေတြနဲ႔ အသံုးျပဳသူေတြကို Feature အသစ္ေတြကို အေစာဆံုးစမ္းသံုးႏုိင္ေစခဲ့တဲ့ ROM တစ္ခုလုိ႔လည္း ေျပာလုိ႔ရပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Xiaomi ကေန ဒီ MIUI Global ROM မွာ ရွိတဲ့ ပံုမွန္ Stable နဲ႔ Beta Program ႏွစ္ခုထဲ Beta Program ကို ရပ္ဆုိင္းလုိက္ေတာ့မယ္ဆိုျပီး ေၾကညာလုိက္ျပီျဖစ္ပါတယ္။ အခုသတင္းကို Mi Community Website မွာ Admin တစ္ဦးျဖစ္တဲ့ Elaine2046 ကေန လာမယ့္ ဇူလုိင္လ ၁ ရက္ေန႔က စတင္ျပီးေတာ့ MIUI Global Beta Build ေတြကို ရပ္ဆိုင္းမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Xiaomi ဖုန္းေတြမွာ China ROM နဲ႔ Global ROM ဆိုၿပီး အဓိက ၂ မ်ိဳးရွိၿပီးေတာ့ အဆိုပါ ROM တစ္ခုဆီမွာ Stable ျဖစ္တဲ့ Stable ROM နဲ႔ ေနာက္ဆုံး Stable မထြက္ခင္ စမ္းသပ္အသုံးျပဳႏိုင္တဲ့ Beta ROM ဆိုၿပီး ရွိတာျဖစ္ပါတယ္။ Beta ROM ေတြက ပုံမွန္အားျဖင့္ Daily အသုံးျပဳသူေတြအတြက္ မသင့္ေလ်ာ္ေပမယ့္ Xiaomi အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားက ေနာက္ဆုံးထြက္ရွိတဲ့ Stable ROM ကို Update မျပဳလုပ္ဘဲ Beta ROM ကိုသာ ဆက္လက္သုံးစြဲေနၾကတာ ျဖစ္ပါတယ္။

Xiaomi အေနနဲ႔ အခုလုိမ်ိဳး Global Beta ROM ေတြကို ရပ္ဆုိင္းလုိက္ရတာက Engineer Team အေနနဲ႔ Stable ROM အတြက္ ပိုျပီး အားစိုက္ခ်င္တာေၾကာင့္လုိ႔ေျပာၾကားခဲ့ပါတယ္။

အခုလုိမ်ိဳး Global Beta ROM ေတြကို ရပ္ဆိုင္းဆိုင္းလိုက္ေပမယ့္ China Beta ROM ေတြကေတာ့ ဆက္လက္အသံုးျပဳေနႏုိင္ဦးမယ္လုိ႔ ယူဆရပါတယ္။

Ref – GSMArena

Unicode

Xiaomi ဖုန်းတွေလို့ပြောလိုက်တာနဲ့ Android OS ကို Feature တွေအများအပြားနဲ့ အပေါ်ကနေ အုပ်ထားတဲ့ MIUI ကို ပြေးမြင်ကြမှာပါ။ ဒီ MIUI ဟာ Xiaomi ဖုန်းတွေမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲက ရှိနေခဲ့တာဖြစ်ပြီးတော့ Beta Program တွေနဲ့ အသုံးပြုသူတွေကို Feature အသစ်တွေကို အစောဆုံးစမ်းသုံးနိုင်စေခဲ့တဲ့ ROM တစ်ခုလို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ ဒီ MIUI Global ROM မှာ ရှိတဲ့ ပုံမှန် Stable နဲ့ Beta Program နှစ်ခုထဲ Beta Program ကို ရပ်ဆိုင်းလိုက်တော့မယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းကို Mi Community Website မှာ Admin တစ်ဦးဖြစ်တဲ့ Elaine2046 ကနေ လာမယ့် ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီးတော့ MIUI Global Beta Build တွေကို ရပ်ဆိုင်းမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Xiaomi ဖုန်းတွေမှာ China ROM နဲ့ Global ROM ဆိုပြီး အဓိက ၂ မျိုးရှိပြီးတော့ အဆိုပါ ROM တစ်ခုဆီမှာ Stable ဖြစ်တဲ့ Stable ROM နဲ့ နောက်ဆုံး Stable မထွက်ခင် စမ်းသပ်အသုံးပြုနိုင်တဲ့ Beta ROM ဆိုပြီး ရှိတာဖြစ်ပါတယ်။ Beta ROM တွေက ပုံမှန်အားဖြင့် Daily အသုံးပြုသူတွေအတွက် မသင့်လျော်ပေမယ့် Xiaomi အသုံးပြုသူတော်တော်များများက နောက်ဆုံးထွက်ရှိတဲ့ Stable ROM ကို Update မပြုလုပ်ဘဲ Beta ROM ကိုသာ ဆက်လက်သုံးစွဲနေကြတာ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ အခုလိုမျိုး Global Beta ROM တွေကို ရပ်ဆိုင်းလိုက်ရတာက Engineer Team အနေနဲ့ Stable ROM အတွက် ပိုပြီး အားစိုက်ချင်တာကြောင့်လို့ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး Global Beta ROM တွေကို ရပ်ဆိုင်းဆိုင်းလိုက်ပေမယ့် China Beta ROM တွေကတော့ ဆက်လက်အသုံးပြုနေနိုင်ဦးမယ်လို့ ယူဆရပါတယ်။

Ref – GSMArena