Xiaomi က Android ကို အစားထိုးတဲ့ HyperOS ကို အောက်တိုဘာလက ကြေညာခဲ့ပြီး တရုတ်မှာ Xiaomi 14 Series နဲ့အတူ ထည့်သွင်းပေးခဲ့ပါတယ်။

Xiaomi's HyperOS begins global rollout - here are the first devices to get it

အခုတော့ Xiaomi က HyperOS ကို နိုင်ငံတကာအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း Device ၉ ခုမှာ HyperOS ကို ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီ Device တွေက Xiaomi 13 Ultra, 13 Pro, 13, 13T Pro, 13T, Redmi Note 12, Redmi Note 12S, the Xiaomi Pad 6 နဲ့ Poco F5 တို့ ဖြစ်ကြပါတယ်။

Chinese smartphone company Xiaomi releases HyperOS as it plans car

Xiaomi က Over the air ကနေ Update ကို ရရှိမှာ ဖြစ်ပြီး ကမ္ဘာအဝန်းအတွက် အဆင့်လိုက် ဖြန့်ချိတာ ဖြစ်တဲ့အတွက် ရရှိချိန် မတူညီဘူးလို့ ပြောပါတယ်။

HyperOS ကို စမတ်ဖုန်း၊ နေအိမ်နဲ့ ကားမှာတောင် ထည့်သွင်းနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ UI တွေကို ဆန်းသစ်ထားသလို လျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်။ MIUI ထက် ပိုမို ပေါ့ပါးပြီး အင်စတောလုပ်ရတာ ပိုမြန်ပါတယ်။

Xiaomi ဟာ IoT ဖွံ့ဖြိုးလာတဲ့ ၂၀၁၄ ခုနှစ်မှာ HyperOS အတွက် စတင် ပြင်ဆင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ပြီး အဲဒီနောက်မှာ Device နဲ့ Application တွေအတွက် Ecosystem အသစ်ကို ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်က အနာဂတ်မှာ Device ဘီလီယမ်ပေါင်းများစွာကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

Ref : gsmarena