[Zawgyi]

Xiaomi က တရုတ္မွာ ထုတ္ကုန္ အသစ္ေတြကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ Mi Power Bank 3 (50W Fast Charge) Version လည္း ပါလာၿပီး ေတာ္ေတာ္မ်ားမ်ားက Mi Power Bank 3 နဲ႔ တူပါတယ္။ Mi Power Bank 3 (50W Fast Charge) Version မွာ 20,000mAh Capacity Battery ပါၿပီး Xiaomi ရဲ႕ အလန္းစား Super Flash Charging ထည့္ထားပါတယ္။ အရြယ္အစား အျပည့္အစံုက 153.5×73.5×27.5mm ျဖစ္တဲ့ အတြက္ Power Bank ေတြထဲမွာ ေတာ္ေတာ္ႀကီးတယ္လို႔ ဆိုရမွာပါ။

အဲဒီ Power Bank က အီလက္ထေရာနစ္ ကိရိယာ အမ်ားစုကို အားသြင္းေပးႏုိင္ပါတယ္။ Devices ၃ ခုကို တစ္ၿပိဳင္နက္ထဲ အားျဖည့္ေပးႏုိင္ဖို႔အတြက္  USB-A Ports ၂ ခု နဲ႔ USB-C Port ၁ ခု ပါပါတယ္။ တစ္ခ်ိန္ထဲမွာပဲ Power Bank ကို အားသြင္းဖို႔ USB-C Port ၁ ခု သီးျခားထည့္ထားပါတယ္။

Mi Power Bank 3 (50W Fast Charge) Version ကို ယြမ္ ၂၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၆၀,၀၀၀ ေလာက္ရွိပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္ကို Xiaomi က မေျပာေသးပါဘူး။ Xiaomi က တရုတ္မွာ အဲဒီ Power Bank နဲ႔အတူ Mi 9 Pro 5G, Mi Mix Alpha , Mi TV Pro 8K နဲ႔ Mi Air 2 TWS Earbud ေတြကိုပါ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Mi Mix Alpha ရဲ႕ ဒီဇိုင္းက လက္ရွိ စမတ္ဖုန္းေတြထဲမွာ  အဆန္းသစ္ဆံုး ျဖစ္ၿပီး Screen-to-body Ratio က ၁၈၀ ရာခုိင္ႏႈန္းေတာင္ ရွိပါတယ္။ မ်က္ႏွာျပင္ဟာ အေရွ႕ဘက္အျပင္ ေဘးဘက္ေတြနဲ႔ အေနာက္ဘက္ရဲ႕ ေနရာအမ်ားစုကိုပါ ဖံုးအုပ္ထားပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က Mi Power Bank 3 (50W Fast Charge) Version ကို ကြေညာ

Xiaomi က တရုတ်မှာ ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ Mi Power Bank 3 (50W Fast Charge) Version လည်း ပါလာပြီး တော်တော်များများက Mi Power Bank 3 နဲ့ တူပါတယ်။ Mi Power Bank 3 (50W Fast Charge) Version မှာ 20,000mAh Capacity Battery ပါပြီး Xiaomi ရဲ့ အလန်းစား Super Flash Charging ထည့်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 153.5×73.5×27.5mm ဖြစ်တဲ့ အတွက် Power Bank တွေထဲမှာ တော်တော်ကြီးတယ်လို့ ဆိုရမှာပါ။

အဲဒီ Power Bank က အီလက်ထရောနစ် ကိရိယာ အများစုကို အားသွင်းပေးနိုင်ပါတယ်။ Devices ၃ ခုကို တစ်ပြိုင်နက်ထဲ အားဖြည့်ပေးနိုင်ဖို့အတွက် USB-A Ports ၂ ခု နဲ့ USB-C Port ၁ ခု ပါပါတယ်။ တစ်ချိန်ထဲမှာပဲ Power Bank ကို အားသွင်းဖို့ USB-C Port ၁ ခု သီးခြားထည့်ထားပါတယ်။

Mi Power Bank 3 (50W Fast Charge) Version ကို ယွမ် ၂၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၆၀,၀၀၀ လောက်ရှိပါတယ်။ ရောင်းချမယ့် အချိန်ကို Xiaomi က မပြောသေးပါဘူး။ Xiaomi က တရုတ်မှာ အဲဒီ Power Bank နဲ့အတူ Mi 9 Pro 5G, Mi Mix Alpha , Mi TV Pro 8K နဲ့ Mi Air 2 TWS Earbud တွေကိုပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Mi Mix Alpha ရဲ့ ဒီဇိုင်းက လက်ရှိ စမတ်ဖုန်းတွေထဲမှာ အဆန်းသစ်ဆုံး ဖြစ်ပြီး Screen-to-body Ratio က ၁၈၀ ရာခိုင်နှုန်းတောင် ရှိပါတယ်။ မျက်နှာပြင်ဟာ အရှေ့ဘက်အပြင် ဘေးဘက်တွေနဲ့ အနောက်ဘက်ရဲ့ နေရာအများစုကိုပါ ဖုံးအုပ်ထားပါတယ်။

Ref : gizmochina