Xiaomi ဟာ စမတ်ဖုန်းနဲ့ IoT ထုတ်ကုန်တွေအပြင် တခြားဈေးကွက်တွေထဲကိုပါ ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာ ရောင်းအားကောင်းနေပြီး ပထမဆုံး လျှပ်စစ်ကားကို ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ အခုတော့ ကုမ္ပဏီဟာ ဒတ်စတော့ ပီစီ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။ Xiaomi ဟာ အရင်က Windows လက်ပ်တော့ အနည်းငယ်ကို ထုတ်လုပ်ရောင်းချထားပါတယ်။

Xiaomi ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဒတ်စတော့ ပီစီ ၂ လုံးကို ကြေညာဖို့ ပြင်ဆင်ထားပေမယ့် တရုတ် ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း ကွယ်လွန်သွားတဲ့အတွက် မိတ်ဆက်ပွဲကို နောက်ဆုတ်ထားပါတယ်။ ဒါပေမယ့် အဲဒီ ဒတ်စတော့ ပီစီ ၂ လုံးရဲ့ ဒီဇိုင်းကို လူတချို့အား ပြသထားပြီးပါပြီ။

၁ လုံးက Xiaomi Host Mini ပီစီ ဖြစ်ပြီး အရွယ်အစား သေးငယ်ပါတယ်။ ဓါတ်ပုံထဲက System မှာ 100W XM22AL5X PSU ထည့်သွင်းထားတယ်လို့ ဖော်ပြထားပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Desktop PC

နောက် ၁ လုံးကလည်း အရွယ်အစား သေးငယ်ကျစ်လစ်ပြီး Mac Mini or Intel NUC နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ 45W MD Ryzen 7 6800H APU , Radeon 680M RDNA2 GPU , 16GB Memory , 512GB SSD တွေ ပါလာမှာ ဖြစ်ပြီး ၅၇၀ ဒေါ်လာ ဝန်းကျင်နဲ့ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina