သတင်းများစွာ ထွက်နေတဲ့ Xiaomi ရဲ့ စွမ်းရည်မြင့် Mi 10 Pro ကို ကြေညာလိုက်ပါပြီ။ ဆဲလ်ဖီး ကင်မရာ အတွက် မျက်နှာပြင်မှာ Punch Hole သုံးထားတဲ့ ပထမဆုံး Mi ဖုန်း ဖြစ်လာပြီး SA & NSA 5G နဲ့ WiFi 6 ကို ထောက်ပံ့ပါတယ်။ ၆.၆၇ လက်မ AMOLED FullHD+ မျက်နှာပြင် ထည့်သွင်းထားပြီး ဘေးဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်းပါ။ 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate တွေပါတဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်း မြန်ပါတယ်။ 1200nit Brightness အထိ ပံ့ပိုးပေးနိုင်တာကို Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့တာပါ။

Mi 10 Pro ရဲ့ အလန်းဆုံးက 8P Lens ပါတဲ့ 108MP ကင်မရာ ဖြစ်ပြီး Mi Note 10 Pro ထက် ၁ ခုပိုပါတယ်။ နောက်ထပ် ကင်မရာ ၃ လုံးကလည်း တော်တော် လန်းပါတယ်။ 2x Optical Zoom ပါတဲ့ 12MP Telephoto ၊ 10x Hybird Zoom နဲ့ 50x Digital Zoom ပါတဲ့ 8MP Telephoto နဲ့ 20MP Ultrawide Angle ကင်မရာတွေ ဖြစ်ပါတယ်။ 108MP ကင်မရာမှာ OIS နဲ့ EIS ပါလာတဲ့ အပြင် ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပိုလန်းအောင် AI က များစွာ ကူညီပေးပါတယ်။ 8K Resolution အထိ ဖမ်းယူပေးနိုင်တာက တော်တော် မိုက်ပါတယ်။

Mi 10 Pro အတွက် 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပြီး ၄,၉၉၉ ၊ ၅,၄၉၉ နဲ့ ၅,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်း ၄ သောင်း၊ ၁၁ သိန်း ၄ သောင်းနဲ့ ၁၂ သိန်း ၅ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ မော်ဒယ်အားလုံးမှာ LPDDR5 RAM နဲ့ UFS 3.0 Storage တွေ ပါပါတယ်။ 50W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပြီး 30W Wireless Fast Charging နဲ့ 10W Wireless Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ Starry Blue နဲ့ Pearl White အရောင်တွေ ထုတ်လုပ်ထားပြီး ၁၈ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena