[Unicode]

ဖေဖော်ဝါရီလတုန်းက Xiaomi ရဲ့ Flagship ဖြစ်တဲ့ Mi 9 ထွက်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Compact Mi 9 SE နဲ့ အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ Mi 9 Pro တို့ကို တွေ့မြင်ခဲ့ကြရပါတယ်။ အခုတော့ Xiaomi ရဲ့ တွဲဖက်တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Lin Bin က နောက်လာမယ့် Flagship Mi ဖုန်းအကြောင်း တစ်စွန်းတစ်စ တွေ့မြင်ရတော့မယ်ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။

Lin Bin က ဒီအကြောင်းကို တရုတ်လူမှုကွန်ရက်မှာ ပြောခဲ့တာပါ။ ပြောခဲ့တယ်ဆိုတဲ့နေရာမှာ Mi 10 Pro အကြောင်း သီးသန့်ပြောသွားတာတော့ မဟုတ်ပါဘူး။ Mi 9 Pro အကြောင်းတင်ထားတဲ့ Status အောက်က Comment မှာ ပြန်ဖြေရင်း ပြောဖြစ်သွားတာပါ။ Mi Fan တစ်ယောက်ကမေးတာကို Lin Bin က Mi 10 Pro ဟာ Mi 9 Pro ကို ဆက်ခံမယ်ဆိုတဲ့အကြောင်း ပြောသွားတာပါ။

အခုအချိန်ထိတော့ Mi 10 Pro နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရားဝင်ဘာမှမသိရသေးပါဘူး။ အခု တွေ့ရတဲ့ Lin Bin ရဲ့မှတ်ချက်ကပဲ တရားဝင်ထွက်လာတဲ့ သတင်းအချက်အလက်လို့ ဆိုရပါဦးမယ်။ ဒီတော့ လာမယ့် Mi Flagship အကြောင်းပေါက်ကြားလာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းကြရဦးမှာပါ။

ဆက်စပ်သတင်းအရ Xiaomi Mi 9 ကို တရုတ်နိုင်ငံက ကုမ္ပဏီရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ Mi 10 Pro နဲ့ပတ်သက်ပြီး ရှားရှားပါးပါးထွက်ထားတဲ့ ကောလာဟလတစ်ခုကတော့ ဒီဟန်းဆက်ဟာ Android 10 MIUI 11 မောင်းနှင်ပြီး 108MP အဓိကကင်မရာ၊ Snapdragon 865 SoC, 66W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်ဆိုတာပါ။

Ref: GSM Arena

[Zawgyi]

Mi 10 Pro ထြက္မယ္ဆိုတာကို Xiaomi ဥကၠ႒ Lin Bin အတည္ျပဳ

ေဖေဖာ္ဝါရီလတုန္းက Xiaomi ရဲ႕ Flagship ျဖစ္တဲ့ Mi 9 ထြက္လာခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Compact Mi 9 SE နဲ႔ အနည္းငယ္အဆင့္ျမႇင့္တင္ထားတဲ့ Mi 9 Pro တို႔ကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ အခုေတာ့ Xiaomi ရဲ႕ တြဲဖက္တည္ေထာင္သူနဲ႔ ဥကၠ႒ျဖစ္တဲ့ Lin Bin က ေနာက္လာမယ့္ Flagship Mi ဖုန္းအေၾကာင္း တစ္စြန္းတစ္စ ေတြ႕ျမင္ရေတာ့မယ္ဆိုတာ အတည္ျပဳေပးခဲ့ပါတယ္။

Lin Bin က ဒီအေၾကာင္းကို တ႐ုတ္လူမႈကြန္ရက္မွာ ေျပာခဲ့တာပါ။ ေျပာခဲ့တယ္ဆိုတဲ့ေနရာမွာ Mi 10 Pro အေၾကာင္း သီးသန႔္ေျပာသြားတာေတာ့ မဟုတ္ပါဘူး။ Mi 9 Pro အေၾကာင္းတင္ထားတဲ့ Status ေအာက္က Comment မွာ ျပန္ေျဖရင္း ေျပာျဖစ္သြားတာပါ။ Mi Fan တစ္ေယာက္ကေမးတာကို Lin Bin က Mi 10 Pro ဟာ Mi 9 Pro ကို ဆက္ခံမယ္ဆိုတဲ့အေၾကာင္း ေျပာသြားတာပါ။

အခုအခ်ိန္ထိေတာ့ Mi 10 Pro နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို တရားဝင္ဘာမွမသိရေသးပါဘူး။ အခု ေတြ႕ရတဲ့ Lin Bin ရဲ႕မွတ္ခ်က္ကပဲ တရားဝင္ထြက္လာတဲ့ သတင္းအခ်က္အလက္လို႔ ဆိုရပါဦးမယ္။ ဒီေတာ့ လာမယ့္ Mi Flagship အေၾကာင္းေပါက္ၾကားလာမယ့္အခ်ိန္ကိုပဲ ေစာင့္ဆိုင္းၾကရဦးမွာပါ။

ဆက္စပ္သတင္းအရ Xiaomi Mi 9 ကို တ႐ုတ္ႏိုင္ငံက ကုမၸဏီရဲ႕တရားဝင္ဝက္ဘ္ဆိုက္ကေန ဖယ္ရွားခဲ့တယ္လို႔ သိရပါတယ္။ Mi 10 Pro နဲ႔ပတ္သက္ၿပီး ရွားရွားပါးပါးထြက္ထားတဲ့ ေကာလာဟလတစ္ခုကေတာ့ ဒီဟန္းဆက္ဟာ Android 10 MIUI 11 ေမာင္းႏွင္ၿပီး 108MP အဓိကကင္မရာ၊ Snapdragon 865 SoC, 66W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမယ္ဆိုတာပါ။

Ref: GSM Arena