Xiaomi ဟာ Mi 10 Pro ရဲ့ Plus Version ကို မကြာခင် ကြေညာနိုင်ပြီး နောက်ဆုံးထုတ်ထားတဲ့ Snapdragon 865+ မဟုတ်ဘဲ Overclocked Snapdragon 865 Chipset ပါလာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို AnTuTu မှာ တွေ့ခဲ့ရပြီးပြီ ဖြစ်ပြီး စုစုပေါင်း ၆၈၇,၄၂၂ မှတ် ရထားပါတယ်။ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အမှတ် အများဆုံး ဖြစ်ပါတယ်။ အခုတော့ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Ice Universe က အဲဒီ စမတ်ဖုန်းမှာ Customize လုပ်နိုင်တဲ့ GPU ပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။

Xiaomi ဟာ Mi 10 Pro+ ရဲ့ GPU ကို အစွမ်းထက်စေဖို့အတွက် Qualcomm နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး Game Turbo App မှာ Graphics Control Panel ကို တွေ့ရပါတယ်။ အဲဒီကနေ သင့် အကြိုက် ပရိုဖိုင်တွေ၊ Settings တွေနဲ့ GPU Frequency တွေကို ချိန်ညှိနိုင်ပါတယ်။ Ice Universe က မျှဝေထားတဲ့ Screenshot တွေမှာ Anti-aliasing , Texture နဲ့ Anisotropic Filters တွေ တွေ့ရပါတယ်။

Mi 10 Pro+ မှာ 120Hz Refresh Rate မျက်နှာပြင်၊ 108MP Main ကင်မရာ ၊ 4,500mAh ဘက်ထရီနဲ့ 120W Charging တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ CPU Clock Speed မှာ Snapdragon 865+ ထက်တောင် ပိုမြန်တဲ့ Overclocked Snapdragon 865 ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena