Xiaomi Mi 10T စမတ်ဖုန်းရဲ့ Hands-on ပုံရိပ်တွေနဲ့ Specs တွေဟာ သတင်းရင်းမြစ် အချို့ကနေ ထွက်ပေါ်လာပါပြီ။ ထွက်ပေါ်လာတဲ့ Feature တွေ အားလုံးကို စုစည်းလိုက်ရင် နိုင်ငံတကာ စျေးကွက်ကို ထိုးဖောက်လာမယ့် Flagship ဖုန်းတစ်လုံးရဲ့ ပုံရိပ်ကို ရရှိပါတယ်။ အနည်းဆုံး Mi 10T နဲ့ Mi 10T Pro မော်ဒယ်နှစ်မျိုး ပါဝင်မယ်လို့လည်း ဆိုပါတယ်။

Xiaomi Mi 10T Pro ရဲ့ ပကတိ ပြင်ပဓါတ်ပုံတွေကို ကြည့်လိုက်ရင် 108MP Sensor ရဲ့ ဧရာမ Lens ကြီးကို မြင်တွေ့ရမှာပါ။ ကင်မရာ နေရာချပုံကတော့ Vivo X50 Pro နဲ့ ခပ်ဆင်ဆင်တူပါတယ်။

လျှို့ဝှက်အမည် Apollo Pro နဲ့ Mi 10T Pro ဖုန်းဟာ နိုင်ငံတကာ စျေးကွက်ရော၊ အိန္ဒိယစျေးကွက် ဗားရှင်းရောမှာ 108MP ဦးဆောင်တဲ့ Triple-camera အသုံးပြုထားမှာ ဖြစ်ပြီး အခြေခံ Mi 10T ကတော့ 64MP နဲ့ Triple-camera အစားထိုး အသုံးပြုလာမှာ ဖြစ်ပါတယ်။ သူတို့မှာ လေးခုမြောက် Sensor ပါသယောင် ထင်ရပေမယ့် အချက်အလက်တွေကတော့ Triple-camera ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

ဒီပုံမှာ ရှေ့ဘက် Screen ကိုတော့ မမြင်ရသေးပါဘူး။ သတင်းတွေကတော့ Mi 10T Pro ရဲ့ Display ဟာ 144Hz Refresh Rate ထိ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ Fingerprint Reader ကို ဘေးဘက်မှာပဲ ထည့်သွင်းလာတာကြောင့် Display Panel က LCD အသုံးပြုလာနိုင်ပါတယ်။

Mi 10T ဖုန်းနှစ်လုံးမှာ Snapdragon 865 အသုံးပြုလာမယ်လို့ ဆိုပေမယ့် Pro မော်ဒယ်က Snapdragon 865+ နဲ့လည်း ထွက်လာနိုင်ပါတယ်။ Geekbench ပေါ်မှာတော့ ရိုးရိုး Mi 10T ကို 8GB RAM နဲ့ တွေ့ခဲ့ရပါတယ်။ ဘက္ထရီက 5,000 mAh ဖြစ်ပြီး ဒီ Specs တွေနဲ့ ဆိုရင်တော့ Fast Charging နည်းပညာ တစ်ခုခု ပါမှာ သေချာပါတယ်။

နောက်ထပ် Config ဖိုင်တစ်ခုကတော့ လျှို့ဝှက်အမည် Gauguin နဲ့ စမတ်ဖုန်းနှစ်လုံးကို ပြသခဲ့ပြီး သူ့မှာလည်း Pro ဗားရှင်းနဲ့ ရိုးရိုး ဆိုပြီး နှစ်မျိုး ပါဝင်ကာ နိုင်ငံတကာစျေးကွက်ကို ဖြန့်ချိလာဦးမှာပါ။ Gauguin ဖုန်းတွေဟာ နိုင်ငံတကာ စျေးကွက်မှာ 64MP Sensor တွေနဲ့ လာပေမယ့် တရုတ်ပြည်တွင်းမှာတော့ 108MP Sensor နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref – GSMArena