Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Mi 5X ဖုန်းကို ထုတ်လုပ်ခဲ့ပြီး ဈေးနှုန်းသက်သာတဲ့ Dual Camera ဖုန်းတွေကို စတင်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ အခုအချိန်မှာလည်း Xiaomi ကနေ Mi 5X စမတ်ဖုန်းထက်ပိုပြီးကောင်းတဲ့ Specifications တွေနဲ့ Mi 6X စမတ်ဖုန်းကို ထုတ်တော့မှာပါ။

အခုအချိန်မှာတော့ Mi 6X စမတ်ဖုန်းဟာ တရုတ်နိုင်ငံရဲ့ TENAA Website မှာ အစစ်ဆေးခံပြီးပြီဖြစ်ပြီးတော့ မကြာခင်မှာ ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့တောင်ပြောလို့ရပါတယ်။ အခု Mi 6X ဖုန်းရဲ့ Codename ကိုတော့ M1894D2SC လို့ပေးထားတယ်လို့လည်း သိရပါတယ်။

အခု Mi 6X စမတ်ဖုန်းဟာ လက်ရှိထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရတော့ Xiaomi ကနေ ထုတ်လုပ်ထားခဲ့တဲ့ Redmi Note 5 စမတ်ဖုန်းနဲ့ တူညီတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Processor ပိုင်းမှာကတော့ အနည်းငယ်ပြောင်းလဲလာမယ်လို့ မျှော်လင့်ရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ စမတ်ဖုန်းသစ် Mi 6X ကို မြင်ရဖို့တော့ သိပ်မလိုတော့ပါဘူး။ Mi 5X တုန်းက အောင်မြင်ခဲ့တဲ့ အနီရောင်နဲ့ပဲနော်။