Xiaomi ကနေ ယနေ့မှာတော့ လူအများစောင့်စားနေကြတဲ့ Xiaomi Mi 6X စမတ်ဖုန်းအသစ်ကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု ထွက်လာတဲ့ Xiaomi Mi 6X စမတ်ဖုန်းဟာ အပြင်ပုံစံအရတော့ Xiaomi Redmi Note 5 စမတ်ဖုန်းနဲ့ တူညီတယ်ဆိုပေမယ့် Specification ပိုင်းအရတော့ Xiaomi Mi Note 3 စမတ်ဖုန်းထက်တောင် ပိုပြီး သာနေတယ်လို့ ပြောလို့ရပါတယ်။

Xiaomi Mi 6X စမတ်ဖုန်းကတော့ အပြင်ပန်းအရ 5.99″ Full HD+ Display ကို အသုံးပြုထားပြီး Redmi Note 5 စမတ်ဖုန်းလိုမျိုးပဲ Metal Body ကို အသုံးပြုထားတာဖြစ်ပါတယ်။ Fingerprint Scanner ကိုလည်း ဖုန်းရဲ့ အနောက်ဖက်မှာတပ်ဆင်ထားတာပဲဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ Xiaomi Mi 6X က ယခင်က Teaser တွေထွက်ထားသလိုပဲ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိနေမှာဖြစ်ပြီးတော့ Back Camera တွေကို 12MP Sony IMX 486 Sensor နဲ့ 20MP Sony IMX 376 Sensor တွေကို တပ်ဆင်ထားပြီးတော့ Front Camera ကိုလည်း Sony IMX 376 20MP Selfie Camera ကို တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။

အခု Mi 6X ရဲ့ ကင်မရာတွေက Scenes တွေ ၂၀၀ ကျော်ကို သိရှိပြီး Portrait Mode 12 မျိုးပါဝင်တဲ့ AI feature တွေပါဝင်တဲ့အပြင် Low Light အတွက်လည်း Pixel ၄ ခုကို ၁ ခုထဲပေါင်းထားတဲ့ Pixel Binding နည်းပညာပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3010mAh Battery ပါဝင်မှာဖြစ်ပြီးတော့ USB Type C ၊ Face Unlock စနစ်တွေပါဝင်မှာဖြစ်ပါတယ်။

Xiaomi Mi 6X စမတ်ဖုန်းက Qualcomm Snapdragon 660 CPU ကို အသုံးပြုထားတာဖြစ်ပြီးတော့ RAM 4GB ၊ ROM 64GB, RAM 6GB ၊ ROM 64GB နဲ့ RAM 6GB ၊ ROM 128GB တွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ ၁၅၉၉ ယွမ်ကနေ စတင်မှာဖြစ်တဲ့အတွက် မြန်မာငွေ ၃ သိန်းခွဲလောက် ကျသင့်မှာပဲဖြစ်ပါတယ်။