Xiaomi ရဲ့ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Mi 5X နဲ့ Mi A1 စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာ အကောင်းဆုံးသော Mid Range ဖုန်းတွေအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi 5X စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Mi 6X ဖုန်းကို ထုတ်လုပ်မယ့်နေ့ကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Xioami ကနေ Mi 6X စမတ်ဖုန်းကို လာမယ့် ဧပြီရယ်လ ၂၅ ရက်နေ့မှာ တရားဝင်ကြေငြာသွားမှာဖြစ်ပြီးတော့ Event Invitation ဓါတ်ပုံကို ပါထုတ်ပြလိုက်ပါတယ်။

အခု ထုတ်လိုက်တဲ့ Event Invitation မှာတော့ Xiaomi ကနေ ဘာမှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိခဲ့ပေမယ့် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Mi 6X စမတ်ဖုန်းက 5.99″ Display ၊ MediaTek Helio P60 Processor ၊ RAM 4GB ၊ Storage 64GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 2910mAh Battery ပဲပါဝင်မှာပါ။

Xiaomi ကနေ လက်ရှိအချိန်မှာ Mi Mix 2S စမတ်ဖုန်းကိုပဲ ကြေငြာထားသေးတာဖြစ်ပြီး လူအများစိတ်ဝင်စားနေကြတဲ့ Mi 7 စမတ်ဖုန်းကိုတော့ လက်ရှိအချိန်အထိ ထုတ်လုပ်မယ့်အချိန်ကို ပြောကြားထားခြင်းမရှိသေးပါဘူး။