Xiaomi ကနေ Mi 6X စမတ်ဖုန်းကို မကြာခင်မှာထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ Xiaomi ရဲ့ Mid Range ဖုန်းသစ်တစ်ခုဖြစ်လာဦးမယ့် Mi 6X Specifications တွေထွက်ပေါ်လာပါပြီ။

Xiaomi Mi 6X စမတ်ဖုန်းဟာ ဒီတစ်ခါမှာတော့ Qualcomm Snapdragon Processor တွေအစား MediaTek Helio P60 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Xiaomi ကနေ ကင်မရာပိုင်းကိုပါ အဆင့်တိုးမြှင့်လာဖွယ်ရှိပါတယ်။

Xiaomi ကနေ Mi 6X ဖုန်းမှာ Sony ရဲ့ နောက်ဆုံးထွက် Sony IMX Processor Camera ဖြစ်တဲ့ 12MP Sony IMX 486 Sensor နဲ့ Secondary Camera ကိုလည်း Sony IMX 376 20MP Sensor ကိုအသုံးပြုထားမှာပဲဖြစ်ပါတယ်။ Selfie Camera ကလည်း Sony IMX 376 20MP Camera ကိုထည့်သွင်းထားဦးမှာပါ။

Xiaomi Mi 6X စမတ်ဖုန်းဟာ 5.99″ Full HD+ Display ပါဝင်လာမှာဖြစ်ပြီးတော့ RAM 4GB + 64GB Storage ပါဝင်မှာဖြစ်ပြီးတော့ Android One OS ကို အသုံးပြုထားတဲ့ Mi A2 ဖုန်းကိုလည်း တပါတည်း ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။