Xiaomi ကနေ ယခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Mi Series Flagship စမတ်ဖုန်းတစ်လုံးကို မကြာခင်မှာ ထုတ်ဖော်ပြသသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကတော့ Xiaomi Mi 7 ပဲဖြစ်ပြီး အခုအချိန်မှာ Mi 7 စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့အရေးကြီးသတင်းတစ်ခုပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ သတင်းကတော့ Xiaomi Mi 7 ရဲ့ ဈေးနှုန်းက ပေါက်ကြားလာခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်က Mi 6 စမတ်ဖုန်းဟာ ဒေါ်လာ ၄၀၀ အောက်နဲ့ ထုတ်လုပ်ခဲ့ပေမယ်လည်း အခုထွက်ရှိလာမယ့် Mi 7 စမတ်ဖုန်းက တရုတ်ငွေ ယွမ် ၃၀၀၀ ဝန်းကျင် ၊ ဒေါ်လာ ၅၀၀ ခန့်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

အခု Mi 7 ဟာ ဈေးနှုန်းအနေနဲ့ သိသိသာသာမြင့်မားသွားမှာဖြစ်ပေမယ့် ဘယ်လိုမျိုး Feature တွေပါဝင်လာမလဲဆိုတာကတော့ အတိအကျမသိရှိရသေးဘူးပဲဖြစ်ပါတယ်။ သေချာတဲ့အချက်တွေကတော့ Qualcomm Snapdragon 845 CPU ၊ RAM 8GB ၊ 5.65″ Full HD Display နဲ့ Wireless Charging ပါဝင်လာမှာပဲဖြစ်ပါတယ်။

Xiaomi အနေနဲ့ အခုလိုမျိုး Xiaomi Mi 7 စမတ်ဖုန်းကို ဒေါ်လာ ၅၀၀ ဝန်းကျင်လောက်သတ်မှတ်ထားတာက Xiaomi ရဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ရရှိတဲ့ Brand တစ်ခုဆိုတာကို ချိုးဖောက်လိုက်သလိုပါပဲ။