Xiaomi ကနေ မကြာခင်ပြုလုပ်တော့မယ့် Mobile World Congress 2018 ပွဲမှာ Xiaomi Mi 7 စမတ်ဖုန်းကို ထုတ်ပြသွားမှာမဟုတ်ပဲ ပထမဆုံး Snapdragon 845 Processor ကို အသုံးပြုလာမယ့် Mi Mix 2S ကိုပဲ ထုတ်ပြလာမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi Mi 7 ရဲ့ Specifications တွေထွက်ပေါ်လာပြီဖြစ်ပြီး ပရိသတ်အကြိုက်ဖြစ်လာဦးမယ့် ဖုန်းတစ်လုံးဆိုတာကိုသေချာသွားစေပါတယ်။

ဘာဖြစ်လို့လဲဆိုရင် Mi 7 ဖုန်းမှာ Qualcomm Snapdragon 845 Processor ၊ RAM 8GB ၊ Internal Storage 128GB ပါဝင်မှာဖြစ်ပြီး ကင်မရာကိုလည်း Dual 16MP Camera ကို Upgrade ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီထက်ပိုပြီးကောင်းမွန်တဲ့အချက်ကတော့ Battery ကိုလည်း 4480mAh ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

Screen အနေနဲ့တော့ Xiaomi ကနောက်ဆုံးတော့ 18:9 Display ကို Mi 7 မှာ အသုံးပြုလာမှာဖြစ်ပြီး 5.6″ Display ကို 2160×1080 Pixels Resolution နဲ့ ပြသပေးမှာဖြစ်ပါတယ်။ Xiaomi Mi 7 ရဲ့ ဈေးနှုန်းဟာ အခြားသော Flagship ဖုန်းတွေထက်ဈေးသက်သာတဲ့ ဒေါ်လာ ၅၀၀ အောက်နဲ့ပဲ ရောင်းချမှာဖြစ်တဲ့အတွက်ကြောင့် လူကြိုက်များတဲ့ Flagship ဖုန်းတစ်ခုဖြစ်လာဖို့ရှိပါတယ်။