Xiaomi ကနေ Mi 7 စမတ်ဖုန်းကို ယခုနှစ်ထဲမှာ ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi 7 စမတ်ဖုန်းအတွက်ဖြစ်လာနိုင်တဲ့ Display Panel ရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါတယ်။

အခု ထွက်ပေါ်လာတဲ့ Display Panel ပုံအရတော့ Xiaomi Mi 7 စမတ်ဖုန်းဟာ ဖုန်းရဲ့ ကိုယ်ထည်အပြည့်နီးပါး Display ပါဝင်လာမှာဖြစ်ပြီးတော့ လက်ရှိ Huawei P20 ၊ Vivo V9 နဲ့ Oppo F7 စမတ်ဖုန်းတွေလိုမျိုးပဲ Notch Bar ပါဝင်လာမယ်လို့ ယူဆရပါတယ်။

တစ်ခုကောင်းတဲ့အချက်ကတော့ Xiaomi Mi 7 စမတ်ဖုန်းဟာ ယခင်တုန်းကလိုမျိုး 5.15″ Display ကို အသုံးပြုလာမှာမဟုတ်ပဲ Screen Size ပိုကြီးတဲ့ 5.65″ Display ကို အသုံးပြုလာမှာလို့ ယူဆရပါတယ်။

Xiaomi ဟာ ယခင်တုန်းက Mi 7 စမတ်ဖုန်းဟာ ပထမဆုံးသော Qualcomm Snapdragon 845 Processor ကို အသုံးပြုလာတဲ့ စမတ်ဖုန်းဖြစ်လာမယ်လို့ ကြေငြာခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီဇိုင်းပိုင်းအပြောင်းအလဲအချို့ကြောင့် အချိန်နောက်ကျပြီးမှ ကြေငြာမယ့်ပုံပါပဲ။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Xiaomi Mi 7 စမတ်ဖုန်းဟာ RAM 8GB ပါဝင်မှာဖြစ်ပြီးတော့ ဈေးနှုန်းကလည်း ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။