Xiaomi ရဲ့ Flagship Mi Series စမတ်ဖုန်းတွေရဲ့ ၇ လုံးမြောက် စမတ်ဖုန်းဖြစ်လာမယ့် Mi 7 ဟာ အခုအချိန်မှာတော့ Features တစ်ခုပါဝင်လာမယ်ဆိုတာကို အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ကြိုးမဲ့အားသွင်းစနစ်ဖြစ်တဲ့ Wireless Charging ပါဝင်လာမှာပဲဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလထဲက Wireless Power Consortium (WPC) အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာဖြစ်သလို အဲ့ဒီအချိန်ထဲက Xiaomi Mi 7 ဖုန်းမှာ Wireless Charging စနစ်ကိုထည့်သွင်းလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ အတည်ပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Xiaomi ဟာ Mi 7 စမတ်ဖုန်းမှာ Wireless Charging ကို 7.5W အထိ Support ပြုလုပ်မှာဖြစ်ပြီးတော့ လုံခြုံရေးပိုင်းမှာ စိတ်ချရစေဖို့အတွက် Apple ကနေ လက်ရှိ iPhone 8 နဲ့ iPhone X ဖုန်းတွေမှာ အသုံးပြုထားတဲ့ Broadcom Chip နဲ့ NXP Transmitter တွေကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi ဟာ Mi 7 စမတ်ဖုန်းအတွက် Qi Specification Version 1.1 Wireless Charging စနစ်ကိုအသုံးပြုတဲ့ပုံပါပဲ။

အခု Version 1.1 ထက် ပိုပြီးအားသွင်းမြန်ဆန်တဲ့ Version 1.2 ကိုလည်း Qi ကနေ ထုတ်လုပ်ထားပြီးဖြစ်ပေမယ့် အဆိုပါ Version 1.2 ဟာ 15W နဲ့ အားသွင်းတာဖြစ်တဲ့အတွက် Version 1.1 ထက် ဖုန်းကို ပိုပြီး Heat တက်စေတယ်လို့ သိရပါတယ်။ အဆိုပါ အချက်ကြောင့်လည်း Xiaomi ကနေ Mi 7 ဖုန်းမှာ Version 1.1 ကိုပဲ အသုံးပြုတာဖြစ်နိုင်ပါတယ်။

Xiaomi Mi 7 စမတ်ဖုန်းဟာ 6.01″ 18:9 Full HD+ Display ၊ Dual 16MP Camera ၊ RAM 6GB/8GB နဲ့ Qualcomm Snapdragon 845 Processor တွေနဲ့ မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။