Xiaomi ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက ထုတ်လုပ်ထားခဲ့တဲ့ Xiaomi Mi 8 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာလည်း Xiaomi ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုအဖြစ်ရှိနေတုန်းပဲဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Mi 8 ရဲ့ အကောင်းစား Feature တစ်ခုကို အလန်းစားကြော်ငြာတစ်ခုနဲ့ ပြသလိုက်ပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ Qualcomm ရဲ့ Snapdragon 845 Processor ၊ RAM 6GB တွေကြောင့် လက်ရှိအကောင်းဆုံးဆိုတဲ့ Flagship စမတ်ဖုန်းတွေနဲ့ ကောင်းကောင်းကြီးကို ယှဉ်ပြိုင်နိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်နေပြီးတော့ ဈေးနှုန်းအနေနဲ့လည်း အများကြီးပိုသက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့် Processor ပိုင်းတစ်ခုထဲကတင် Xiaomi ရဲ့ အားသာချက်ဖြစ်နေတာမျိုးမဟုတ်ပါဘူး။

Xiaomi ဟာ Mi 8 စမတ်ဖုန်းမှာ Dual GPS စနစ်ကို ထည့်သွင်းပေးထားပြီးတော့ အဆိုပါ စနစ်ပါဝင်တဲ့အတွက် လက်ရှိစမတ်ဖုန်းတွေထဲမှာ GPS အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဘယ်လောက်ထိပိုကောင်းသလဲဆိုတဲ့ စမ်းသပ်မှုတွေလည်း မရှိသေးခဲ့တဲ့အတွက် ဝယ်ယူမယ့်သူတွေအတွက် ဒီအချက်က အားသာချက်လားဆိုတာက စဉ်းစားစရာဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi 8 ရဲ့ Dual GPS ကို အကောင်းဆုံး စမ်းသပ်ပြသခဲ့ပြီးတော့ ကားတစ်စီးမှာမှ မှန်တွေကို ဆေးအမဲမှုတ်ပစ်ပြီး Mi 8 ရဲ့ Dual GPS စနစ်တစ်ခုထဲနဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို မောင်းနှင်စေခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Xiaomi Mi 8 ရဲ့ Dual GPS စနစ်က ဘယ်လောက်ကောင်းသလဲဆိုတာကတော့ အောက်ပါ Video မှာ ကြည့်နိုင်ပါတယ်။