[Zawgyi]

Xiaomi အေနနဲ႔ သူတို႔ရဲ႕ Flagship စမတ္ဖုန္းျဖစ္တဲ့ Mi 9 ကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔က Samsung Galaxy S10 စီးရီး မိတ္ဆက္ပြဲကို က်င္းပသြားမယ့္ ေန႔ျဖစ္ၿပီး၊ Vivo ကလည္း သူတို႔ရဲ႕ V15 စီးရီးကို အိႏၵိယမွာ မိတ္ဆက္ႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ တစ္ရက္တည္းမွာတင္ အလန္းစား စမတ္ဖုန္း ၃လုံးကို တၿပိဳင္တည္း ျမင္ေတြ႕ခြင့္ရမယ့္ အေနအထားပါ။

Xiaomi ဟာ Mi 8 ကို မိတ္ဆက္ခဲ့တုန္းက Mi 8 Explorer Edition ကိုပါ တြဲဖက္ မိတ္ဆက္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီႏွစ္မွာလည္း Mi 9 Explorer Edition ကို Mi 9 နဲ႔အတူ တြဲဖက္ ျမင္ေတြ႕ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆို ေနၾကပါတယ္။ Mi 9 Explorer Edition နဲ႔ပတ္သတ္ၿပီး Xiaomi ဘက္က တရားဝင္ထုတ္ေဖာ္ ေျပာၾကားထားတဲ့ အခ်က္အလက္ေတြ မရွိေသးေပမယ့္ Xiaomi ရဲ႕ Co-founder ျဖစ္သူ Wang Chuan ကေတာ့ သူတို႔ရဲ႕ Mi 9 Explorer Edition ဟာ ကမာၻေပၚမွာ အစြမ္းထက္ဆုံး စမတ္ဖုန္း ျဖစ္လာမယ္လို႔ ေႂကြးေၾကာ္ထားပါတယ္။

Wang Chuan ဟာ သူ႔အေနနဲ႔ Mi 9 Explorer Edition ကို အသုံးျပဳ ၿပီးသြားၿပီ ျဖစ္ၿပီး ေတာ္ေတာ္ေလး ေကာင္းမြန္ေၾကာင္း ထုတ္ေဖာ္ ႂကြားဝါထားပါတယ္။ ဒါ့အျပင္ သူက Mi 9 Explorer Edition မွာ ေနာက္ထပ္ ကင္မရာ တစ္လုံး ထပ္ေပါင္း တပ္ဆင္ထားမွာျဖစ္ၿပီး၊ အဆိုပါဖုန္းဟာ Xiaomi ပရိတ္သတ္ေတြအတြက္ အံ့ၾသတုန္လႈပ္စရာေတြ သယ္ေဆာင္လာမွာျဖစ္ေၾကာင္း ထပ္မံ ေျပာၾကားထားပါေသးတယ္။ ဒါ့ေၾကာင့္ Mi 9 Explorer Edition ဟာ ေက်ာဘက္ ကင္မရာ ၄လုံးနဲ႔အတူ ပြဲထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Gizmochina

[Unicode]

Mi 9 Explorer Edition ဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ Xiaomi ကြွေးကြော်

Xiaomi အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Mi 9 ကို လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ရက်နေ့က Samsung Galaxy S10 စီးရီး မိတ်ဆက်ပွဲကို ကျင်းပသွားမယ့် နေ့ဖြစ်ပြီး၊ Vivo ကလည်း သူတို့ရဲ့ V15 စီးရီးကို အိန္ဒိယမှာ မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီလ ၂၀ရက်နေ့ တစ်ရက်တည်းမှာတင် အလန်းစား စမတ်ဖုန်း ၃လုံးကို တပြိုင်တည်း မြင်တွေ့ခွင့်ရမယ့် အနေအထားပါ။

Xiaomi ဟာ Mi 8 ကို မိတ်ဆက်ခဲ့တုန်းက Mi 8 Explorer Edition ကိုပါ တွဲဖက် မိတ်ဆက်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာလည်း Mi 9 Explorer Edition ကို Mi 9 နဲ့အတူ တွဲဖက် မြင်တွေ့နိုင်ကြောင်း ခန့်မှန်းပြောဆို နေကြပါတယ်။ Mi 9 Explorer Edition နဲ့ပတ်သတ်ပြီး Xiaomi ဘက်က တရားဝင်ထုတ်ဖော် ပြောကြားထားတဲ့ အချက်အလက်တွေ မရှိသေးပေမယ့် Xiaomi ရဲ့ Co-founder ဖြစ်သူ Wang Chuan ကတော့ သူတို့ရဲ့ Mi 9 Explorer Edition ဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ ကြွေးကြော်ထားပါတယ်။

Wang Chuan ဟာ သူ့အနေနဲ့ Mi 9 Explorer Edition ကို အသုံးပြု ပြီးသွားပြီ ဖြစ်ပြီး တော်တော်လေး ကောင်းမွန်ကြောင်း ထုတ်ဖော် ကြွားဝါထားပါတယ်။ ဒါ့အပြင် သူက Mi 9 Explorer Edition မှာ နောက်ထပ် ကင်မရာ တစ်လုံး ထပ်ပေါင်း တပ်ဆင်ထားမှာဖြစ်ပြီး၊ အဆိုပါဖုန်းဟာ Xiaomi ပရိတ်သတ်တွေအတွက် အံ့သြတုန်လှုပ်စရာတွေ သယ်ဆောင်လာမှာဖြစ်ကြောင်း ထပ်မံ ပြောကြားထားပါသေးတယ်။ ဒါ့ကြောင့် Mi 9 Explorer Edition ဟာ ကျောဘက် ကင်မရာ ၄လုံးနဲ့အတူ ပွဲထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina