[Zawgyi]

Xiaomi ရဲ႕ CC Brand Manager ျဖစ္သူ Cici Wei က Mi 9 Pro 5G ရဲ႕ ပထမဆံုး Teaser Poster ကို မွ်ေ၀လိုက္ၿပီး Curved Screen ပါလာတာ ျမင္ရပါတယ္။ Poster မွာ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပထားတာေတာ့ မရွိပါဘူး။

Mi 9 Pro ဟာ Mi 9 ကို ဆန္းသစ္ထားတာ ျဖစ္ႏုိင္ေပမယ့္ တူညီတဲ့ ၆.၃၉ လက္မ Super AMOLED Display ပါလာႏိုင္ပါတယ္။ ဒီဇိုင္းကလည္း တူညီမွာ ျဖစ္ပါတယ္။ Mi 9 Pro မွာ Qualcomm X50 5G Modem ပါတဲ့ Snapdragon 855+ Chipset နဲ႔ အရြယ္ႀကီး 4,000mAh Battery ပါလာႏုိင္ပါတယ္။ 30W Mi Charge Turbo Wireless Charging ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Xiaomi က စက္တင္ဘာလ ၂၄ ရက္မွာ ပြဲ ၁ ပြဲ က်င္းပၿပီး 5G Phone ေတြ ျဖစ္တဲ့ Mi 9 Pro နဲ႔ Mi Mix 4 တို႔ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္း ၂ လံုးနဲ႔အတူ MIUI 11 နဲ႔ Mi TV အသစ္တို႔ကိုပါ ျပသမွာ ျဖစ္ပါတယ္။

Mi Mix 4 မွာ Snapdragon 855+ Chipset နဲ႔ Curved QHD Display ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အေနာက္ဘက္မွာ 108MP Samsung ISOCELL Bright HMX Main Sensor  အျပင္  Telephoto နဲ႔ Wide-angle Lenses ေတြ ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ Vivo NEX 3 မွာလို Waterfall Screen ပါမွာ ျဖစ္ၿပီး Screen ဟာ 90Hz Refresh Rate ရွိမယ္လို႔လည္း သိရပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi 9 Pro 5G ရဲ့ ပထမဆုံး Teaser Poster ထွက်ပေါ်လာ

Xiaomi ရဲ့ CC Brand Manager ဖြစ်သူ Cici Wei က Mi 9 Pro 5G ရဲ့ ပထမဆုံး Teaser Poster ကို မျှဝေလိုက်ပြီး Curved Screen ပါလာတာ မြင်ရပါတယ်။ Poster မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားတာတော့ မရှိပါဘူး။

Mi 9 Pro ဟာ Mi 9 ကို ဆန်းသစ်ထားတာ ဖြစ်နိုင်ပေမယ့် တူညီတဲ့ ၆.၃၉ လက်မ Super AMOLED Display ပါလာနိုင်ပါတယ်။ ဒီဇိုင်းကလည်း တူညီမှာ ဖြစ်ပါတယ်။ Mi 9 Pro မှာ Qualcomm X50 5G Modem ပါတဲ့ Snapdragon 855+ Chipset နဲ့ အရွယ်ကြီး 4,000mAh Battery ပါလာနိုင်ပါတယ်။ 30W Mi Charge Turbo Wireless Charging ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Xiaomi က စက်တင်ဘာလ ၂၄ ရက်မှာ ပွဲ ၁ ပွဲ ကျင်းပပြီး 5G Phone တွေ ဖြစ်တဲ့ Mi 9 Pro နဲ့ Mi Mix 4 တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးနဲ့အတူ MIUI 11 နဲ့ Mi TV အသစ်တို့ကိုပါ ပြသမှာ ဖြစ်ပါတယ်။

Mi Mix 4 မှာ Snapdragon 855+ Chipset နဲ့ Curved QHD Display ပါမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 108MP Samsung ISOCELL Bright HMX Main Sensor အပြင် Telephoto နဲ့ Wide-angle Lenses တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ Vivo NEX 3 မှာလို Waterfall Screen ပါမှာ ဖြစ်ပြီး Screen ဟာ 90Hz Refresh Rate ရှိမယ်လို့လည်း သိရပါတယ်။

Ref : gsmarena