[Zawgyi]





Ref : gizmochina

[Unicode]

ပထမဆုံး အသုတ်မှာ ၂ မိနစ်အတွင်း ပစ္စည်းပြတ်သွားတဲ့ Xiaomi Mi 9 Pro 5G

Xiaomi Mi 9 Pro 5G ကို တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။ ပထမဆုံး အသုတ် ရောင်းအားတွေက လန်ထွက်နေတယ်လို့ ဆိုရမှာပါ။ Jingdong Mall မှာ ၂ မိနစ်အတွင်း ပစ္စည်းပြတ်သွားပါတယ်။ JD မှာ ၂ မိနစ်အတွင်း ဖုန်းဝယ်ယူလို့ မရတော့ဘူးလို့ ဖော်ပြတဲ့ စာသားတက်လာပါတယ်။ အဲဒီဖုန်းအတွက် 8/128GB , 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး ၃,၆၉၉ ယွမ် ကနေ တန်ဖိုးအကြီးဆုံး ၄,၂၉၉ ယွမ် အထိ ရှိပါတယ်။ မြန်မာငွေ ၇၉၀,၀၀၀ ကနေ ၉၁၀,၀၀၀ အထိ တန်ကြေးရှိပါတယ်။ တန်ဖိုးအနည်းဆုံး 5G Phone ဖြစ်လာပြီး iQOO Pro 5G ထက် ၉၉ ယွမ် ( မြန်မာငွေ ၂ သောင်းလောက်) သက်သာပါတယ်။

Xiaomi က Mi 9 ကို Chipset အသစ်၊ ပိုမြန်တဲ့ အားသွင်းစနစ်တွေနဲ့ အဆင့်မြှင့်ထားတဲ့ Mi 9 Pro 5G ကို မကြာခင်က ကြေညာခဲ့ပါတယ်။ နောက်ဆုံးထုတ် Snapdragon 855+ မောင်းနှင်ထားပြီး 12GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးမှာ တူညီတဲ့ ၆.၃၉ လက်မ OLED Display , Under-display Fingerprint Scanner နဲ့ Triple Cameras တွေ ထည့်ထားပါတယ်။

Mi 9 Pro ရဲ့ 4G Model ကိုပါ ရောင်းချမှာပါ။ Mi 9 Pro 5G မှာ Mi 9 ထက် ပိုအရွယ်ကြီးတဲ့ 4,000mAh Battery နဲ့ ပိုမြန်တဲ့ အားသွင်းစနစ်တွေ ပါလာပါတယ်။ 45W Wired Charging နဲ့ 30W Wireless Charging ထည့်ထားပါတယ်။ Xiaomi က Architecture အသစ်နဲ့ ဖန်တီးထားတဲ့ Wireless Pad ကို ထုတ်လုပ်ထားပါတယ်။ 10W Reverse Charging လည်း ပါလာပြီး ဒါဟာ Xiaomi ရဲ့ ပထမဆုံး ဖြစ်ပါတယ်။

နောက်ထပ် အဆင့်မြှင့်ထားတာက စပီကာ ဖြစ်ပြီး လက်ရှိ Mi Phone တွေထဲမှာ အကြီးမားဆုံးတွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP , 12MP Telephoto နဲ့ 16MP Superwide Camera နဲ့ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။ Dream White နဲ့ Titanium Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gizmochina