[Zawgyi]

Xiaomi က Mi 9 ကို Chipset အသစ္၊ ပိုျမန္တဲ့ အားသြင္းစနစ္ေတြနဲ႔ အဆင့္ျမွင့္ထားတဲ့ Mi 9 Pro 5G ကို ေၾကညာလိုက္ပါတယ္။ ေနာက္ဆံုးထုတ္ Snapdragon 855+ ေမာင္းႏွင္ထားၿပီး 12GB RAM အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ အဲဒီ ဖုန္း ၂ လံုးမွာ တူညီတဲ့ ၆.၃၉ လက္မ OLED Display , Under-display Fingerprint Scanner နဲ႔ Triple Cameras ေတြ ထည့္ထားပါတယ္။

Mi 9 Pro ရဲ႕ 4G Model ကိုပါ ေရာင္းခ်မွာပါ။ Mi 9 Pro 5G မွာ Mi 9 ထက္ ပိုအရြယ္ႀကီးတဲ့ 4,000mAh Battery နဲ႔ ပိုျမန္တဲ့ အားသြင္းစနစ္ေတြ ပါလာပါတယ္။ 45W Wired Charging နဲ႔ 30W Wireless Charging ထည့္ထားပါတယ္။ Xiaomi က Architecture အသစ္နဲ႔ ဖန္တီးထားတဲ့ Wireless Pad ကို ထုတ္လုပ္ထားပါတယ္။ 10W Reverse Charging လည္း ပါလာၿပီး ဒါဟာ  Xiaomi ရဲ႕ ပထမဆံုး ျဖစ္ပါတယ္။

ေနာက္ထပ္ အဆင့္ျမွင့္ထားတာက စပီကာ ျဖစ္ၿပီး လက္ရွိ Mi Phone ေတြထဲမွာ အႀကီးမားဆံုးေတြ ထည့္သြင္းထားပါတယ္။ 8/128GB , 8/256GB , 12/256GB နဲ႔ 12/512GB ေတြ ထုတ္လုပ္ထားၿပီး တန္ဖိုးအနည္းဆံုး ၃,၆၉၉ ယြမ္ ကေန တန္ဖိုးအႀကီးဆံုး ၄,၂၉၉ ယြမ္ အထိ ရွိပါတယ္။ ျမန္မာေငြ ၇၉၀,၀၀၀ ကေန ၉၁၀,၀၀၀ အထိ တန္ေၾကးရွိပါတယ္။

တရုတ္မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး  ဒီလ ၂၇ ရက္ေန႔မွာ ေရာင္းမွာပါ။ Dream White နဲ႔ Titanium Black အေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Snapdragon 855+ နဲ့ 45W Charger ပါတဲ့ Xiaomi Mi 9 Pro 5G ကို ကြေညာပြီ

Xiaomi က Mi 9 ကို Chipset အသစ်၊ ပိုမြန်တဲ့ အားသွင်းစနစ်တွေနဲ့ အဆင့်မြှင့်ထားတဲ့ Mi 9 Pro 5G ကို ကြေညာလိုက်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 855+ မောင်းနှင်ထားပြီး 12GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးမှာ တူညီတဲ့ ၆.၃၉ လက်မ OLED Display , Under-display Fingerprint Scanner နဲ့ Triple Cameras တွေ ထည့်ထားပါတယ်။

Mi 9 Pro ရဲ့ 4G Model ကိုပါ ရောင်းချမှာပါ။ Mi 9 Pro 5G မှာ Mi 9 ထက် ပိုအရွယ်ကြီးတဲ့ 4,000mAh Battery နဲ့ ပိုမြန်တဲ့ အားသွင်းစနစ်တွေ ပါလာပါတယ်။ 45W Wired Charging နဲ့ 30W Wireless Charging ထည့်ထားပါတယ်။ Xiaomi က Architecture အသစ်နဲ့ ဖန်တီးထားတဲ့ Wireless Pad ကို ထုတ်လုပ်ထားပါတယ်။ 10W Reverse Charging လည်း ပါလာပြီး ဒါဟာ Xiaomi ရဲ့ ပထမဆုံး ဖြစ်ပါတယ်။

နောက်ထပ် အဆင့်မြှင့်ထားတာက စပီကာ ဖြစ်ပြီး လက်ရှိ Mi Phone တွေထဲမှာ အကြီးမားဆုံးတွေ ထည့်သွင်းထားပါတယ်။ 8/128GB , 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး ၃,၆၉၉ ယွမ် ကနေ တန်ဖိုးအကြီးဆုံး ၄,၂၉၉ ယွမ် အထိ ရှိပါတယ်။ မြန်မာငွေ ၇၉၀,၀၀၀ ကနေ ၉၁၀,၀၀၀ အထိ တန်ကြေးရှိပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၇ ရက်နေ့မှာ ရောင်းမှာပါ။ Dream White နဲ့ Titanium Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena