[Zawgyi]

Mi 9 လို႔ေျပာလိုက္တာနဲ႔ AnTuTu မွာ စြမ္းေဆာင္ရည္အေကာင္းဆုံးအျဖစ္ ရပ္တည္ေနတဲ့အေၾကာင္း၊ ပထမဆုံး Flash Sale မွာ ၅၃ စကၠန႔္အတြင္း အကုန္ေရာင္းလိုက္ရတဲ့အေၾကာင္းေတြကို သိၿပီးၾကမယ္ ထင္ပါတယ္။ ဟုတ္ပါတယ္။ Xiaomi ရဲ႕ ေနာက္ဆုံးထြက္စမတ္ဖုန္းဟာ အေတာ္ေလးကို လူႀကိဳက္မ်ားၾကတာ အမွန္ပါပဲ။

Xiaomi ကေတာ့ သူတို႔ရဲ႕ Mi 9 အတြက္ ပထမဆုံး MIUI 10 Stable update ကိုထုတ္ေပးၿပီး သုံးစြဲသူေတြကို ပိုေကာင္းမြန္တဲ့ အသုံးျပဳမႈကို ေထာက္ပံ့ေပးလိုက္ၿပီလို႔ သိရပါတယ္။ ပို႔ေဆာင္ေပးလိုက္တဲ့ MIUI version သစ္ကေတာ့ MIUI v10.2.12.0.PFAEUXM ျဖစ္ပါတယ္။

ဒီ Stable version သစ္ဟာ Notch ပါဝင္တဲ့ စမတ္ဖုန္းေတြအတြက္ ပိုၿပီးေကာင္းမြန္တဲ့ UI ကို ေထာက္ပံ့ေပးႏိုင္တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ကင္မရာပိုင္းဆိုင္ရာမွာလည္း ပိုမိုေကာင္းမြန္တဲ့ တိုးတက္ေျပာင္းလဲမႈကို ရရွိေစတယ္လို႔လည္း ဆိုပါတယ္။

Stable version အရ AI ကင္မရာမွာ Moon Mode အသစ္ ပါဝင္လာသလို ဗြီဒီယိုကင္မရာကလည္း လႈပ္ရွားေနတဲ့ အရာဝတၳဳေတြကို လိုက္လံေျခရာခံၿပီး ေကာင္းမြန္တဲ့ ဆုံခ်က္ျဖတ္မႈကို လုပ္ေဆာင္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ႐ုပ္ၿငိမ္ဓါတ္ပုံတိုင္းမွာလည္း အရည္အေသြးပိုင္းဆိုင္ရာ ပိုၿပီးေကာင္းမြန္တိုးတက္လာတာကို ေတြ႕ျမင္ႏိုင္တယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ Xiaomi Mi9 ကို သုံးစြဲသူေတြလက္ထဲ ပို႔ေဆာင္ေပးတာ တစ္ပတ္ေက်ာ္ေလာက္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ Xiaomi ကေတာ့ တိုေတာင္းတဲ့ အခ်ိန္ကာလအတြင္းမွာပဲ ပိုေကာင္းတဲ့ Update ကို ထုတ္လႊတ္ေပးခဲ့တာပါ။ Xiaomi Mi 9 ဟာ Qualcomm Snapdragon 855 Chipset နဲ႔ ျဖစ္သလို၊ ေက်ာဘက္မွာ ကင္မရာသုံးလုံးတပ္ဆင္ေပးထားၿပီး 20MP Selfie ကင္မရာနဲ႔လည္း ျဖစ္ပါတယ္။

မ်က္နာျပင္အ႐ြယ္အစားကေတာ့ 6.39-inch ျဖစ္ၿပီး FHD+ resolution Super AMOLED display အမ်ိဳးအစားလည္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးကေတာ့ 18.7:9 ျဖစ္ကာ 3,300mAh ဘက္ထရီနဲ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ 27W Charge Turbo power နဲ႔ 20W fast wireless charging စနစ္ႏွစ္မ်ိဳး သုံးစြဲႏိုင္ေအာင္လည္း ေထာက္ပံ့ေပးထားပါတယ္။

Ref: GSMArena

[Unicode]

Mi 9 လို့ပြောလိုက်တာနဲ့ AnTuTu မှာ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့အကြောင်း၊ ပထမဆုံး Flash Sale မှာ ၅၃ စက္ကန့်အတွင်း အကုန်ရောင်းလိုက်ရတဲ့အကြောင်းတွေကို သိပြီးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ Xiaomi ရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းဟာ အတော်လေးကို လူကြိုက်များကြတာ အမှန်ပါပဲ။

Xiaomi ကတော့ သူတို့ရဲ့ Mi 9 အတွက် ပထမဆုံး MIUI 10 Stable update ကိုထုတ်ပေးပြီး သုံးစွဲသူတွေကို ပိုကောင်းမွန်တဲ့ အသုံးပြုမှုကို ထောက်ပံ့ပေးလိုက်ပြီလို့ သိရပါတယ်။ ပို့ဆောင်ပေးလိုက်တဲ့ MIUI version သစ်ကတော့ MIUI v10.2.12.0.PFAEUXM ဖြစ်ပါတယ်။

ဒီ Stable version သစ်ဟာ Notch ပါဝင်တဲ့ စမတ်ဖုန်းတွေအတွက် ပိုပြီးကောင်းမွန်တဲ့ UI ကို ထောက်ပံ့ပေးနိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းဆိုင်ရာမှာလည်း ပိုမိုကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုကို ရရှိစေတယ်လို့လည်း ဆိုပါတယ်။

Stable version အရ AI ကင်မရာမှာ Moon Mode အသစ် ပါဝင်လာသလို ဗွီဒီယိုကင်မရာကလည်း လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို လိုက်လံခြေရာခံပြီး ကောင်းမွန်တဲ့ ဆုံချက်ဖြတ်မှုကို လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရုပ်ငြိမ်ဓါတ်ပုံတိုင်းမှာလည်း အရည်အသွေးပိုင်းဆိုင်ရာ ပိုပြီးကောင်းမွန်တိုးတက်လာတာကို တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။

တကယ်တော့ Xiaomi Mi9 ကို သုံးစွဲသူတွေလက်ထဲ ပို့ဆောင်ပေးတာ တစ်ပတ်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် Xiaomi ကတော့ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာပဲ ပိုကောင်းတဲ့ Update ကို ထုတ်လွှတ်ပေးခဲ့တာပါ။ Xiaomi Mi 9 ဟာ Qualcomm Snapdragon 855 Chipset နဲ့ ဖြစ်သလို၊ ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ပေးထားပြီး 20MP Selfie ကင်မရာနဲ့လည်း ဖြစ်ပါတယ်။

မျက်နာပြင်အရွယ်အစားကတော့ 6.39-inch ဖြစ်ပြီး FHD+ resolution Super AMOLED display အမျိုးအစားလည်း ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးကတော့ 18.7:9 ဖြစ်ကာ 3,300mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် 27W Charge Turbo power နဲ့ 20W fast wireless charging စနစ်နှစ်မျိုး သုံးစွဲနိုင်အောင်လည်း ထောက်ပံ့ပေးထားပါတယ်။

Ref: GSMArena