[Zawgyi]





Ref : gizmochina

[Unicode]

Xiaomi Mi 9S 5G ဟာ iQOO Pro 5G ထက် ဈေးသက်သာမည်

ဒီလ အစောပိုင်းမှာ Vivo က iQOO Pro 5G ကို ကြေညာခဲ့ပြီး တရုတ်မှာ ဈေးအသက်သာဆုံး 5G Smartphone ဖြစ်လာပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းထက် ဈေးသက်သာတဲ့ 5G Smartphone ကို Xiaomi က ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ တရုတ်က ထွက်လာတဲ့ သတင်းအရ Xiaomi ဟာ စက်တင်ဘာလမှာ 5G Smartphone အသစ် ၁ လုံးကို တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းဟာ ဥရောပမှာ ရောင်းချပေးထားတဲ့ Mi Mix 3 5G မဟုတ်ပါဘူး။ Xiaomi က တရုတ်မှာ 5G Smartphone အသစ် ၁ လုံးကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Mi 9S 5G ဖြစ်နိုင်ပြီး ဒေါ်လာ ၅၃၀ လောက်နဲ့ ရောင်းချထားတဲ့ iQOO Pro 5G ထက် ဈေးသက်သာမှာ ဖြစ်ပါတယ်။ တရုတ်မှာတော့ Mi 9S 5G ဟာ ဈေးအသက်သာဆုံး 5G Smartphone ဖြစ်လာမှာပါ။

iQOO Pro 5G မှာလိုပဲ Xiaomi Mi 9S 5G မှာ Qualcomm Snapdragon 855+ Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi Mi 9S 5G မှာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ 4,000mAh Battery , 20MP Selfie Camera တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Xiaomi က အဲဒီ စမတ်ဖုန်းကို ဖန်တီးနေတယ်ဆိုတာကို အတည်ပြုထားပါတယ်။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိလာရတော့မှာပါ။

Ref : gizmochina