Xiaomi ကနေ Mi A1 စမတ်ဖုန်းကို Google ရဲ့ Android One Project နဲ့ ပူးပေါင်းပြီးတော့ Xiaomi ရဲ့ ကိုယ်ပိုင် Operating System တစ်ခုဖြစ်တဲ့ MIUI မပါဝင်ပဲ Pure Android အနေနဲ့ ထွက်ရှိလာခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။
Xiaomi ကနေ Mi A1 ကို စတင်ကြေငြာတဲ့အချိန်တုန်းက Android Version 8.0 Oreo ကို ယခုနှစ်မကုန်ခင်ထုတ်ပေးမယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။ အခုပုံအရတော့ Xiaomi က သူပြောခဲ့တဲ့ ကတိကိုတည်နိုင်ခဲ့တဲ့ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင်၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Xiaomi Mi A1 စမတ်ဖုန်းအတွက် Android Oreo ကို Stable Version အနေနဲ့ Update ထုတ်ပေးလိုက်လို့ပဲဖြစ်ပါတယ်။
We're ending the year with an O! #MiA1 users, stay tuned as we're rolling out your long-awaited update in batches but make sure you're already on the latest December update (7.12.19) to receive Android O! pic.twitter.com/GhRtDnyJn4
— Mi (@xiaomi) December 31, 2017
ယခု Xiaomi ရဲ့ Android Oreo Update ဟာ Mi A1 စမတ်ဖုန်းအတွက် အရင်ဆုံးရရှိတာဖြစ်ပြီး အခြား Xiaomi စမတ်ဖုန်းတွေအတွက်တောင် ထွက်ရှိခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် Mi A1 ရဲ့ Pure Android ကို အသုံးပြုထားတဲ့အချက်က အားသာချက်တစ်ခုလို့ ပြောလို့ရပါတယ်။
အခု Android Oreo Update ကို ရယူချင်တယ်ဆိုရင် ကိုယ့်ရဲ့ Mi A1 စမတ်ဖုန်းကို Latest Version အရင်တင်ထားရမှာဖြစ်ပြီးတော့ အခု Android Oreo Update မှာ Features အသစ်အများအပြားအပြင် Fast Charging ကိုပါ Support ပြုလုပ်လာတယ်လို့ သိရပါတယ်။