[Zawgyi]

Xiaomi အေနနဲ႔ Mi CC ဆိုတဲ့ စမတ္ဖုန္းစီးရီးအသစ္ကို ထုတ္လုပ္မွာျဖစ္ေၾကာင္း မေန႔တုန္းက ေၾကညာခဲ့ပါတယ္။ Mi CC ဟာ Mi , Mi Note, Mi MAX နဲ႔ Mi MIX တို႔လိုမ်ိဴး စီးရီးတစ္ခုသာျဖစ္ၿပီး၊ Redmi လိုမ်ိဴး သီးသန္႔ခြဲထြက္တာ မဟုတ္ပါဘူး။ ဒါ့အျပင္ CC ဆိုတာ Camera + Camera ( Dual-camera Setup ) ကို ရည္ၫႊန္းေျပာဆိုတာျဖစ္ၿပီး Chic ( ေခတ္ဆန္ေၾကာ့ေမာ့ေသာ )၊ Cool ( ေအးျမေသာ )၊ Colorful ( ေရာင္စုံေတာက္ပၿပီး ေပၚလြင္ထင္ရွားေသာ )၊ Creative ( ဖန္တီးႏိုင္စြမ္းရွိေသာ ) စတဲ့ အဓိပၸါယ္မ်ားကို ေဖာ္ေဆာင္တယ္လို႔ သိရပါတယ္။

Mi CC စီးရီးကို ကမာၻအႏွံ႔အျပားမွာရွိတဲ့ မ်ိဴးဆက္သစ္ လူငယ္ေလးေတြအတြက္ ရည္႐ြယ္ထုတ္လုပ္မွာျဖစ္ၿပီး ေခတ္ေပၚဒီဇိုင္းနဲ႔ ကင္မရာ Features ေတြကို အသားေပးထားတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ Photography အပိုင္းကို Flagship အရည္အေသြးလိုမ်ိဴး ရရွိေအာင္ ျပဳလုပ္ထားမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Mi CC စီးရီးကို Meitu AI Beauty Lab နဲ႔ ပူးေပါင္းထုတ္လုပ္မွာ ျဖစ္တဲ့အတြက္ Selfies အပိုင္းမွာလည္း အလွအပဆိုင္ရာ Features အသစ္အဆန္းေတြ၊ အရည္အေသြးေကာင္းတဲ့ Selfie ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီေတာ့ Mi CC စီးရီးက P to P ( Price to Performance Ratio ) သမားေတြအတြက္ ထုတ္လုပ္ထားတာ မဟုတ္ဘူးလို႔ ေျပာရမွာပါ။

Meitu ဆိုတာက စမတ္ဖုန္း အသုံးျပဳသူ အမ်ိဴးသမီးေတြၾကားမွာ ေရပန္းစားေနတဲ့ Brand တစ္ခု ျဖစ္ပါတယ္။ ႏွမေတာ္ေလးေတြ အႀကိဳက္ေတြ႕ေစမယ့္ Beauty Filter နဲ႔ Effect အမ်ိဴးမ်ိဴးကို အလြယ္တကူ ထည့္သြင္းၿပီး Edit လုပ္လို႔ရမယ့္ Photography Application အမ်ိဴးအစားျဖစ္ၿပီး Google Play Store နဲ႔ Apple App Store တို႔မွာ Download ျပဳလုပ္ႏိုင္ပါတယ္။ Xiaomi နဲ႔ Meitu တို႔ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ထုတ္ကုန္မိတ္ဖက္ေတြအျဖစ္ သေဘာတူစာခ်ဴပ္ ခ်ဴပ္ဆိုၿပီး လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။

Ref : Blog.mi.com

[Unicode]

အလှအပကြိုက်သူတွေအတွက် ပစ်မှတ်ထား ထုတ်လုပ်မယ့် Xiaomi Mi CC စီးရီး

Xiaomi အနေနဲ့ Mi CC ဆိုတဲ့ စမတ်ဖုန်းစီးရီးအသစ်ကို ထုတ်လုပ်မှာဖြစ်ကြောင်း မနေ့တုန်းက ကြေညာခဲ့ပါတယ်။ Mi CC ဟာ Mi , Mi Note, Mi MAX နဲ့ Mi MIX တို့လိုမျိူး စီးရီးတစ်ခုသာဖြစ်ပြီး၊ Redmi လိုမျိူး သီးသန့်ခွဲထွက်တာ မဟုတ်ပါဘူး။ ဒါ့အပြင် CC ဆိုတာ Camera + Camera ( Dual-camera Setup ) ကို ရည်ညွှန်းပြောဆိုတာဖြစ်ပြီး Chic ( ခေတ်ဆန်ကြော့မော့သော )၊ Cool ( အေးမြသော )၊ Colorful ( ရောင်စုံတောက်ပပြီး ပေါ်လွင်ထင်ရှားသော )၊ Creative ( ဖန်တီးနိုင်စွမ်းရှိသော ) စတဲ့ အဓိပ္ပါယ်များကို ဖော်ဆောင်တယ်လို့ သိရပါတယ်။

Mi CC စီးရီးကို ကမ္ဘာအနှံ့အပြားမှာရှိတဲ့ မျိူးဆက်သစ် လူငယ်လေးတွေအတွက် ရည်ရွယ်ထုတ်လုပ်မှာဖြစ်ပြီး ခေတ်ပေါ်ဒီဇိုင်းနဲ့ ကင်မရာ Features တွေကို အသားပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Photography အပိုင်းကို Flagship အရည်အသွေးလိုမျိူး ရရှိအောင် ပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Mi CC စီးရီးကို Meitu AI Beauty Lab နဲ့ ပူးပေါင်းထုတ်လုပ်မှာ ဖြစ်တဲ့အတွက် Selfies အပိုင်းမှာလည်း အလှအပဆိုင်ရာ Features အသစ်အဆန်းတွေ၊ အရည်အသွေးကောင်းတဲ့ Selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီတော့ Mi CC စီးရီးက P to P ( Price to Performance Ratio ) သမားတွေအတွက် ထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ ပြောရမှာပါ။

Meitu ဆိုတာက စမတ်ဖုန်း အသုံးပြုသူ အမျိူးသမီးတွေကြားမှာ ရေပန်းစားနေတဲ့ Brand တစ်ခု ဖြစ်ပါတယ်။ နှမတော်လေးတွေ အကြိုက်တွေ့စေမယ့် Beauty Filter နဲ့ Effect အမျိူးမျိူးကို အလွယ်တကူ ထည့်သွင်းပြီး Edit လုပ်လို့ရမယ့် Photography Application အမျိူးအစားဖြစ်ပြီး Google Play Store နဲ့ Apple App Store တို့မှာ Download ပြုလုပ်နိုင်ပါတယ်။ Xiaomi နဲ့ Meitu တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထုတ်ကုန်မိတ်ဖက်တွေအဖြစ် သဘောတူစာချူပ် ချူပ်ဆိုပြီး လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

Ref : Blog.mi.com